ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တင်စေနိုင်တဲ့ အစားအစာများ...
top of page
Search
  • Writer's pictureDG Smartmom Myanmar

ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ်ကို မြင့်တင်စေနိုင်တဲ့ အစားအစာများ...


မေမေတို့ရေ....


အခုချိန်ဟာ Covid-19 ဖြစ်ပွားတဲ့ ကာလဖြစ်တာမို့ သားသားမီးမီးလေးတွေရဲ့ ကိုယ်ခံအားစနစ် ကောင်းမွန်ဖို့ အလွန်ပဲ အရေးကြီးပါတယ်။ ကလေးတွေရဲ့ ကိုယ်ခံအား ကောင်းမွန်မှသာ ကျန်းမား ပျော်ရွှင်ပြီး သင်ယူစရာ လေ့လာစရာတွေကို ကောင်းမွန်စွာ လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။


ကလေးတွေရဲ့ အလုံးစုံ ကြီးထွားဖွံ့ဖြိုးဖို့၊ ကိုယ်ခံစွမ်းအားစနစ်မြင့်တင်စေဖို့ ဗီတာမင် A၊ ဗီတာမင် B၊ ဗီတာမင် C၊ ဗီတာမင် D၊ ဗီတာမင် E၊ နျူကလီယိုတိုက်စ် (Nucleotides)၊ ဇင့်၊ ဆီလီနီယမ် အပြင် အခြားသော သတ္တုဓာတ်များ ပါဝင်တဲ့ အစားအစာများကို နေ့စဥ်ညီညွှတ်မျှတစွာ စားသုံးဖို့ လိုအပ်ပါတယ်။


မေမေတို့ သားသားမီးမီးတွေရဲ့ ကိုယ်ခံစွမ်းအားစနစ် မြင့်တင်စေဖို့ အာဟာရပြည့်၀အောင် နေ့စဉ်စားသုံးသင့်တဲ့အစားအစာတွေကတော့


(၁) ဗီတာမင် C ပါဝင်သော အစားအစာများ

ဗီတာမင် C က ကိုယ်ခံအားကို မြင့်တက်စေနိုင်ရုံသာမက ရောဂါပိုးကူးစက်မှုတွေကို ကာကွယ်တိုက်ထုတ်နိုင်တဲ့ သွေးဖြူဥအရေအတွက် များများ ထုတ်လုပ်နိုင်ဖို့ ဗီတာမင်စီ လိုအပ်ပါတယ်။ ခန္ဓာကိုယ်ကနေ ဗီတာမင် C မထုတ်လုပ်နိုင်တဲ့အပြင် မသိုလှောင်နိုင်တာကြောင့် ကလေးတွေကို နေ့စဥ် ဗီတာမင် C ပါဝင်တဲ့ အစားအစာ (သို့မဟုတ်) ဗီတာမင် C ဆေးရည်၊ ဆေးလုံးများ တိုက်ကျွေးသင့်ပါတယ်။

ဗီတာမင် C ပါဝင်တဲ့ အသီးများ -ဂရိုက်ဖရုသီး၊ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ ကဗ္ဗလာသီး၊ သံပုရာသီး၊ ရှောက်သီး၊ ကျွဲကောသီး၊ သရက်သီး၊ ဆန်းကစ်သီး၊ သင်္ဘောသီး၊ ပန်းဂေါ်ဖီ၊ ငရုပ်ပွသီး။


(၂) အသား၊ ငါး၊ ဥနဲ့ ပဲအမျိုးမျိုး

ကလေးများရဲ့ ကိုယ်ခန္ဓာ ဖွံ့ဖြိုးတိုးတက်မှုအတွက်သာမက ကျန်းမာရေးအတွက် အရေးကြီးတဲ့ ဇင့်နဲ့ သံဓာတ်ကို အသားငါးတွေက ရရှိစေနိုင်သလို အခြားသော ဗီတာမင်နှင့်သတ္တုဓာတ်များကိုလည်း ဥနဲ့ ပဲအမျိုးမျိုး စားသုံးခြင်းဖြင့်လည်း ရရှိစေနိုင်ပါတယ်။


(၃) ဂျင်းနဲ့ ကြက်သွန်ဖြူ

ကလေးတို့အတွက် နေ့စဥ် ချက်ပြုတ်ကျွေးတဲ့ ဟင်းလျာတွေမှာ ဂျင်းနဲ့ ကြက်သွန်ဖြူ ထည့်ပေးပါ၊ ဘာလို့လဲဆိုတော့ ကြက်သွန်ဖြူဟာ ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးတဲ့အပြင် သွေးဖိအားကို လျော့စေပြီး ကိုယ်ခံအားကို မြင့်တင်ပေးပါတယ်။ ဂျင်းက လည်ချောင်းနာခြင်းနဲ့ ရောင်းရမ်းမှုတွေကို လျော့ကျစေတဲ့အပြင် ကိုယ်ခံစွမ်းအား တိုးတက်စေဖို့လဲ ထောက်ပံ့ပေးပါတယ်၊ ဒါကြောင့် ခုလိုကာလမှာ ကလေးတို့ရဲ့ ကိုယ်ခံအားကောင်းဖို့ ဂျင်းပြုတ်ရည် ကျိုကိုချက်တိုက်ကျွေးသင့်ပါတယ်။


(၄) နို့နှင့် နို့ထွက်ပစ္စည်းများ

နိုနှင့် နို့ထ္ပက်ပစ္စည်းတွေမှာ ဗီတာမင် D ကြွယ်ဝစွာ ပါဝင်တဲ့အပြင် ကလေးတွေရဲ့ အစာချေစနစ်ကို ကောင်းမွန်စေပြီး မလိုလားအပ်တဲ့ ရောဂါပိုးမွားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ အကျိုးပြု ဘက်တီးရီးယားတွေ ပါဝင်တာမို့ ကလေးတို့ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးပါတယ်။


(၅) အစေ့အဆံများ

ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို ကောင်းမွန်စေတယ်၊ စိတ်ဖိစီးမှုကို လျှော့ချပေးနိုင်ပြီး ခန္ဓာကိုယ် ခုခံအားကို တိုးမြှင့်ပေးနိုင်တာမို့ ရံဖန်ရံခါ စားသုံးသင့်ပါတယ်။


Apocrine နို့ရည်ထုတ်စနစ်ကရရှိလာတဲ့ DG 3 ဆိတ်နို့မှာ ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တင်ပေးတဲ့ နျူကလီယိုတိုက်စ် (Nucleotides) နဲ့ အခြားသော ဗီတာမင်နဲ့ သတ္တုဓာတ်များ သဘာဝအတိုင်း မြင့်မားစွာ ပါဝင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့ ကိုယ်ခံစွမ်းအားကို မြင့်တင်စေဖို့ DG 3 ဆိတ်နို့ကို ရွေးချယ်လိုက်ပါ...


46 views0 comments
bottom of page