သားသားမီးမီးလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘာတွေကျွေးသင့်လဲ???
top of page
Search
  • Writer's pictureDG Smartmom Myanmar

သားသားမီးမီးလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ ဘာတွေကျွေးသင့်လဲ???

Updated: Oct 21, 2020



မေမေတို့ရေ ...

ကလေးတွေရဲ့ အသက် (၅)နှစ်အထိဟာ ဦးနှောက်ဖွံ့ဖြိုးဖို့ အရေးကြီးတဲ့ အချိန်ကာလပဲ ဖြစ်ပါတယ်။ ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ အထောက်အကူပေးတဲ့ နေရာမှာ အစားအစာက အဓိကကျတာမို့ နေ့စဥ်ကျွေးတဲ့အခါမှာ စနစ်တကျနဲ့ အာဟာရဖြစ်မယ့် အစားအစာတွေကို ရွေးချယ်ကျွေးဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကလေးတွေဟာ ဥာဏ်ရည်ထက်မြက်ပြီး ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံဖြိုးလာမှာပဲ ဖြစ်ပါတယ်။

သားသားမီးမီးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးဖို့ စားသုံးသင့်တဲ့ အစားအစာတွေကတော့

(၁) အသား၊ ငါး၊ ဥနဲ့ ပဲအမျိုးမျိုး

ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ လုပ်ငန်းဆောင်တာတွေကို ကူညီပေးတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်၊ ဗီတာမင် D၊ လူတိန်း(Lutein) နဲ့ သံဓာတ်ကို အသားငါးတွေက ရရှိစေနိုင်သလို အာရုံစူးစိုက်မှုကောင်းစေတဲ့ အိုမီဂါ-၃ ဖက်တီးအက်ဆစ်နဲ့ ဇင့်ဓာတ်ကို ဥနဲ့ ပဲအမျိုးမျိုး စားသုံးခြင်းဖြင့်လည်း ရရှိစေနိုင်ပါတယ်။


(၂) ဟင်းသီးဟင်းရွက်များ

ဟင်းသီးဟင်းရွက်တွေမှာ အန်တီအောက်ဆီးဒန့်နဲ့ သံဓာတ် ကြွယ်ဝစွာ ပါဝင်တာကြောင့် ဦးနှောက်ဆဲလ်တွေကို ကျန်းမာစေပြီး ဦးနှောက်စွမ်းဆောင်ရည် မြင့်မားစေပါတယ်။


(၃) နို့နှင့် နို့ထွက်ပစ္စည်းများ

နိုနှင့် နို့ထ္ပက်ပစ္စည်းတွေမှာ ကလေးတွေရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ အဓိက ထောက်ပံ့ပေးတဲ့ ဒီအိတ်ချ်အေ (DHA), အိုမီဂါ ၃ (Omega 3), အိုမီဂါ ၆ (Omega 6), တော်ရင်း၊ ပါဝင်တဲ့အပြင် ဗီတာမင် D ကြွယ်ဝစွာ ပါဝင်တာကြောင့် ကလေးတွေရဲ့ ကိုယ်ခံစွမ်းအားကောင်းစေပြီး ကျန်းမာသွက်လက် ဥာဏ်ရည်ထက်စေပါတယ်။

(၄) အခွံမာသီးများ

သစ်ကြားသီး၊ ဗာဒံစေ့နဲ့ မြေပဲတို့မှာ ဗီတာမင် Dနဲ့ ဇင့်ဓာတ် ကြွယ်ဝစွာ ပါဝင်တာမို့ ကလေးတွေရဲ့ မှတ်ဥာဏ်နဲ့ ဦးနှောက်စွမ်းရည် မြင့်မားစေပါတယ်။

Apocrine နို့ရည်ထုတ်စနစ်ကရရှိလာတဲ့ DG 3 ဆိတ်နို့မှာ သားသားမီးမီးလေးတွေရဲ့ ဦးနှောက်နှင့် ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်စေတဲ့ သဘာဝအာဟာရဓာတ်တွေအပြင် DHA ကြွယ်ဝစွာ ပါဝင်ပါတယ်။ ဒါကြောင့် သားသားမီးမီးတို့ရဲ့ ဦးနှောက်ဖွံ့ဖြိုးစေဖို့ DG 3 ဆိတ်နို့ကို ရွေးချယ်လိုက်ပါ။

144 views0 comments
bottom of page