အိမ်မှာနေရင်း မေမေတို့ သားသားမီးမီးလေးတွေနဲ့အတူ ပြုလုပ်နိုင်တဲ့ လှုပ်ရှားမှုများ
top of page
Search
  • Writer's pictureDG Smartmom Myanmar

အိမ်မှာနေရင်း မေမေတို့ သားသားမီးမီးလေးတွေနဲ့အတူ ပြုလုပ်နိုင်တဲ့ လှုပ်ရှားမှုများ


ခုလိုအချိန်ကာလတွေမှာ အိမ်ထဲမှာပဲနေပြီး ဖြတ်သန်းခဲ့ရတဲ့အချိန်ကာလတွေ ပိုများတာမို့ အိမ်မှာနေရင်း မေမေတို့ သားသားမီးမီးလေးတွေနဲ့အတူ ပြုလုပ်နိုင်တဲ့ လှုပ်ရှားမှုလေးတွေကို မျှဝေချင်ပါတယ်...

(၁) ကလေးတို့ ဝါသနာပါသောအရာများအား အတူတူလုပ်ဆောင်ပေးခြင်း

ကလေးတို့ ဝါသနာပါတဲ့အရာလေးတွေကို မေမေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် လုပ်ဆောင်ရတဲ့အတွက် ရင်းနှီးချစ်ခင်မှုပိုရသလို ဉီးနှောက်ဖွံ့ဖြိုးမှုအတွက်လည်း များစွာအထောက်အကူဖြစ်ပါတယ်။ (ဥပမာ-အတုံးဆက်ကစားခြင်း၊ တူတူပုန်းကစားခြင်း၊ အက္ခရာစာလုံးလေးတွေနဲ့ကစားခြင်း၊ ပုံဆွဲခြင်း၊ သီချင်းဆိုခြင်း။)


(၂) စာအတူတူဖတ်ပြခြင်း စာဖတ်ပြခြင်းဟာ ကလေးများရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးနည်းလမ်းဖြစ်တာမို့ တစ်နေ့ကို အနည်းဆုံး နာရီဝက်ခန့် အချိန်ပေးပြီး စာဖတ်ပြသင့်ပါတယ်။ စာဖတ်ပြခြင်းဖြင့် ကလေးရဲ့ အာရုံစူးစိုက်မှု စွမ်းရည်ကို တိုးတက်စေနိုင်သလို လူတစ်ဖက်သားကို လေးစားခြင်း၊ ကိုယ်ချင်းစာခြင်း၊ ပတ်ဝန်းကျင်နှင့် ဆက်စပ်လေ့လာ လာနိုင်ခြင်း ၊ စိတ်ကူစိတ်သန်းကောင်းစေခြင်း စသည့် အကျိုးကျေးဇူးတွေကို ရရှိစေပါတယ်။


(၃) မိသားစုဝင်များ၊ သူငယ်ချင်းများနဲ့ အဆက်အသွယ်လုပ်ပေးခြင်း

အားတဲ့အချိန်တွေမှာ ကလေးတွေကို မိသားစုဝင်တွေ သူငယ်ချင်းတွေနဲ့ ဖုန်းပြောခိုင်းတာ၊ Video Call ပြောခိုင်းတာ စတဲ့ အဆက်အသွယ်လုပ်‌ပေးဖြင့် ကလေးတွေရဲ့စိတ်ကိုတက်တက်ကြွလန်းဆန်းစေသလို ရင်းနှီးချင်ခင်မှု ပိုရစေပါတယ်။


(၄) နည်းပညာ အသုံးပြု၍ ပညာရေး လေ့လာစေခြင်း

နည်းပညာ အသုံးပြု၍ ပညာရေးနဲ့ သက်ဆိုင်တဲ့ ဗီဒီယိုများကြည့်စေခြင်း၊ အသံဖိုင်များနားထောင်စေခြင်း၊ သင်ခန်းစာများကို လေ့လာစေခြင်းအားဖြင့် ကလေးတွေရဲ့ လေ့လာသင်ယူစိတ်ကိုတိုးတက်စေနိုင်ပါတယ်။


(၅) ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်ပေးခြင်း

ကိုယ်လက်လှုပ်ရှားကစားခြင်းအားဖြင့် ခနွာကိုယ်သွေးလည်ပတ်မှု ကောင်းစေတာမို့ ကိုယ်လက် ကြံ့ခိုင်သန်မာမှု၊ လျင်မြန်သွက်လက်မှု ဖွံ့ဖြိုးစေသလို ကလေးများ ဥာဏ်ရည် ဖွံ့ဖြိုးဖို့ အတွက် အထောက်အကူပြုပါတယ်။


(၆) သဘာဝအာဟာရဓာတ်ပြည့်ဝတဲ့ DG 3 ဆိတ်နို့ နေ့စဥ် တိုက်ကျွေးခြင်း

မိခင်တွေရဲ့ နို့ရည်ထုတ်စနစ်နဲ့တူတဲ့ Apocrine နို့ရည်ထုတ်စနစ်ကနေရရှိလာတဲ့ DG 3 ဆိတ်နို့မှာ သဘာဝအာဟာရဓာတ်တွေကြွယ်ဝစွာပါဝင်လို့ သားသားမီးမီးလေးတွေရဲ့ ဦးနှောက်နှင့်ခန္ဓာကိုယ် ဖွံ့ဖြိုးတိုးတက်စေပြီး ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပြီး ပိုမိုကျန်းမာစေတာမို့ DG 3 ဆိတ်နို့ နေ့စဥ်သောက်ပါ။


66 views0 comments
bottom of page