top of page
  • ကလေးငယ်များအတွက် ဆိတ်နို့ဖော်စပ်စာ ရှိပါသလား
    ဟုတ်ကဲ့ပါရှင်။ ကလေးငယ်များအတွက် ဆိတ်နို့ဖော်စပ်စာ ရှိပါတယ်ရှင်။ DG ဆိတ်နို့ဖော်စပ်စာများကို နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားပြီး အရည်အသွေးကောင်းမွန်မှုကြောင့် ဥရောပသမ္မဂမှ ထောက်ခံချက်ရရှိခဲ့ရုံသာမက နယူးဇီလန်နိုင်ငံအစိုးရမှချီးမြှင့်သော Silver Fern တံဆိပ်ကို ရရှိထားတာကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါတယ်။
  • DG3 ဆိတ်နို့က ဘယ်နိုင်ငံကထုတ်လုပ်တာလဲ?
    DG3 ဆိတ်နို့ကို နယူးဇီလန်နိုင်ငံမှ ထုတ်လုပ်ပါသည်။
  • ကလေးတွေအတွက် ဆိတ်နို့ဖော်စပ်စာဆိုတာဘာလဲ? တခြားနိုင်ငံတွေမှာရော သုံးစွဲကြရဲ့လား? စံချိန်စံညွှန်းနဲ့အညီ ထုတ်လုပ်ထားရဲ့လား? ယုံကြည်စိတ်ချရရဲ့လား?
    ဆိတ်နို့ရဲ့ အာဟာရတန်ဖိုးမြင့်မားမှုကြောင့် ကမ္ဘာ့နိုင်ငံတော်တော်များများမှာ သုံးစွဲနေကြပါပြီ။ DG3 ဆိတ်နို့ပရိုတိန်းများနှင့် အဆီများသည် နွားနို့ဖော်စပ်စာထက် ခန္ဓာကိုယ်မှ လွယ်ကူစွာ ချေဖျက်စုပ်ယူနိုင်ပါသည်။ ဆိတ်နို့တွင် ကယ်ဆီယမ်ဓာတ်မြင့်မားစွာပါဝင်ပြီး အရိုးနှင့်သွားများ သန်မာစေရန်အတွက် အကူအညီပေးပါသည်။ DG3 ကို ကမ္ဘာ့နိုင်ငံအနှံ့အပြားမှ ဆရာဝန်များနှင့် အာဟာရဗေဒပညာရှင်များမှ အသိအမှတ်ပြု သုံးစွဲနေခြင်းဖြစ်ပါသည်။
  • DG3 ဆိတ်နို့ကို မြန်မာနိုင်ငံ FDA မှ တရားဝင်ခွင့်ပြုထားပါသလား?
    DG3 ဆိတ်နို့ကို မြန်မာနိုင်ငံ FDA မှ တရားဝင်တင်သွင်းခွင့်လက်မှတ်ရရှိပြီးဖြစ်သောကြောင့် ယုံကြည်စိတ်ချစွာသုံးစွဲနိုင်ပါသည်။
  • DG3 ဆိတ်နို့က နွားနို့ဖော်စပ်စာတွေထက် ဘာကြောင့်ပိုကောင်းတာလဲ?
    DG3 ဆိတ်နို့တွင်ပါဝင်သော အဆီဓာတ်နှင့် အသားဓာတ်များသည် နွားနို့ဖော်စပ်စာများထက် ပိုမိုလွယ်ကူစွာ ခြေဖျက်စုပ်ယူနိုင်သောကြောင့် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးကြီးသော အဓိကအာဟာရဓာတ်များကို လွယ်ကူစွာရရှိစေပါသည်။
  • ဆိတ်နို့အာဟာရဓါတ်များသည် ကလေးငယ်များရဲ့ ကြီးထွားဖွံ့ဖြိုးမှုအတွက် လုံလောက်ပါသလား
    DG ဆိတ်နို့မှုန့်များအား ကမာ့ကျန်းမာရေး အဖွဲ့အစည်း၏ စံချိန်စံညွှန်းနှင့်အညီ ထုတ်လုပ်ထားသောကြောင့် ကလေးငယ်များ၏ ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်သော အာဟာရဓာတ်များ လုံလောက်စွာ ပါဝင်သည်။ ဆိတ်နို့တွင် ဦးနှောက်ဖွံ့ဖြိုးမှုနှင့် ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေရန် ထောက်ပံ့ပေးသည့် သဘာဝအာဟာရဓာတ်များ ဖြစ်ကြသော Nucleotides (နယူကလီရိုတိုက်ဒ်)၊ Taurine (တော်ရင်း)၊ Polyamines (ပေါ်လီအေမင်း) နှင့် Growth Factor (ဂရိုးဖတ်စ်တာ) တို့ပါဝင်သည်။ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကထောက်ပံ့ပေးသော ဒီအိတ်ခ်ျအေ၊ အေအာအေ၊ အိုမီဂါ (၃,၆,၉)၊ ကိုလင်း၊ ဗီတာမင် ဘီ ၁၂ နှင့် ကယ်လ်ဆီယမ်ဓာတ်များလည်း ကြွယ်ဝစွာ ပါဝင်သည်။
  • DG 1၊ DG 2 ၊ DG3 ဆိတ်နို့မှုန့်များ၏ ကွာခြားချက်များ
    DG 1,DG 2 နှင့် DG 3 ဆိတ်နို့မှုန့်များ၏ ကွာခြားချက်များ ကလေးများ၏ အသက်အရွယ်အလိုက် လိုအပ်သော အာဟာရဓာတ်များအတိုင်း DG 1,DG 2 ,DG 3 ဟူ၍ အဆင့်(၃)ဆင့် ခွဲခြားထားသည်။ DG 1 ဆိတ်နို့သည် မွေးစမှ(၆)လထိ ကလေးငယ်များအတွက် ထုတ်လုပ်ထားသော ဆိတ်နို့ဖော်စပ်စာဖြစ်သည်။ DG 2 ဆိတ်နို့သည် အသက်(၆)လမှ(၃)နှစ်ထိ ကလေးများအတွက် ထုတ်လုပ်ထားသော ဆိတ်နို့ဖော်စပ်စာဖြစ်သည်။ DG 3 ဆိတ်နို့သည် ကလေးများ၏ အသက် (၃)နှစ် နှင့် အထက်သာမက မိသားစုဝင်တိုင်းအတွက် ထုတ်လုပ်ထားသော ဆိတ်နို့ဖော်စပ်စာဖြစ်သည်။ DG 3 တွင် ကလေးများ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှု၊ ကိုယ်ခံစွမ်းအားစနစ် ကောင်းမွန်စေရန် ထောက်ပံ့ပေးသော ဒီအိတ်ခ်ျအေ၊အေအာအေ၊အိုမီဂါ (၃,၆,၉) ၊ ကယ်လ်ဆီယမ်၊ ပရိုတိန်း၊ဗီတာမင်နှင့် သတ္ထုဓာတ်များ ကြွယ်ဝစွာ ပါဝင်တာကြောင့် ကလေးငယ်များကို ညဏ်ရည်ထက်မြတ် သွက်လက်စေပါသည်။
  • ဆိတ်နို့နှင့် နွားနို့ရဲ့ ကွာခြားချက်က ဘာလဲ။
    ဆိတ်နို့နှင့် နွားနို့၏ကွားခြားချက် DG 3 ဆိတ်နို့သည် နွားနို့အခြေခံနို့မှုန့်များထက် ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အရေးကြီးသော အဓိကသဘာဝအာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သည်။ DG 3 ဆိတ်နို့သည် နွားနို့အခြေခံနို့မှုန့်များထက် အစာကြေလွယ်ပြီး အရေးကြီးသော အဓိကသဘာဝအာဟာရဓာတ်များကို လွယ်ကူစွာ ချေဖျက်စုပ်ယူနိုင်တာကြောင့် ကလေးများရဲ့ ဝမ်းဗိုက်ကို ကျန်းမာစေပြီး ဝမ်းပျော့စေနိုင်ရုံသာမက ကယ်လ်ဆီယမ်ဓာတ် ပိုမိုပါဝင်တာကြောင့် ကလေးများ၏ အရိုးနှင့်သွားများ ကျန်းမာကြံ့ခိုင်စေရန်လည်း အထောက်အကူပြုသည်။
  • အကယ်၍ ကျွန်မ၏ကလေးသည် နွားနို့နှင့် ဓါတ်မတည့်ခဲ့ပါက ဆိတ်နို့အား တိုက်ကျွေးလို့ ရပါသလား
    ဆိတ်နို့တွင် နွားနို့ထက်ပို၍ အစာကြေလွယ်ပြီး ဓာတ်မတည့်ခြင်းဖြစ်စေသော ပရိုတိန်း နည်းပါးစွာ ပါဝင်တာကြောင့် ကလေးများတွင် ဓာတ်မတည့်ဖြစ်ခြင်းကို (၃)ဆမျှ နည်းပါးပါတယ်ရှင်။ နွားနို့တွင် ဓာတ်မတည့်ခြင်းဖြစ်စေသော ပရိုတိန်း များစွာပါဝင်တာကြောင့် ဓာတ်မတည့်ခြင်းဖြစ်နိုင်ချေ ပိုများပါတယ်။ အစ်မ ရဲ့  ကလေးအား နွားနို့မှုန့်တိုက်ကျွေးနေချိန်တွင် နွားနို့နှင့်ဓာတ်မတည့်သောလက္ခဏာများ (ဝမ်းလျှောခြင်း၊ ဝမ်းမာခြင်း၊ အဖုအပိမ့်အနီကွက်များထခြင်း၊အော့အန်ခြင်းများ တွေ့ရှိရပါက ဆိတ်နို့မှုန့်သို့ပြောင်းလဲ၍ တိုက်ကျွေးဖို့ အကြံပြုပြောကြားလိုပါတယ်။ ဆိတ်နို့ပြောင်း၍ တိုက်ကျွေးပြီးနောက် ဓာတ်မတည့်လက္ခဏာများဖြစ်ပွားမှု တဖြည်းဖြည်းချင်း လျော့နည်းသွားနိုင်ပါတယ်။ အကယ်၍ အစ်မ ရဲ့  ကလေးမှာ ပြင်းထန်တဲ့ဓာတ်မတည့်ခြင်းလက္ခဏာတစ်ခုဖြစ်သည့် သွေးဝမ်းသွားခြင်း တွေ့ရှိရပါက တတ်ကျွမ်းနားလည်သောဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ကာ ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်ဖို့ အကြံပြုပြောကြားလိုပါတယ်။
  • ကျွန်မကလေးက မိခင်နို့တိုက်တဲ့အချိန်မှာ ဝမ်းပျော့ပြီး နွားနို့ဖော်စပ်စာစတိုက်တဲ့အချိန်မှာ ဝမ်းမာတာ ဘာဖြစ်လို့လဲ? DG3 ဆိတ်နို့တိုက်ရင်ရော ဝမ်းမာမှာလား?
    နွားနို့ဖော်စပ်စာက မိခင်နို့ထက် အစာကြေဖို့ပိုမိုခက်ခဲလို့ ကလေးရဲ့ဝမ်းက ပိုမာတာဖြစ်ပါတယ်။ DG3 ဆိတ်နို့တွင် ပါဝင်သော အဆီဓာတ်နှင့် အသားဓာတ်များက လွယ်ကူစွာခြေဖျက်နိုင်သောကြောင့် ဝမ်းပျော့စေနိုင်ပါသည်။
Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)

Contact Info

Phone : +95 9 783 333 554

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page