Mommy Hermine Cheron

ဟဲလို…. ကျွန်မနာမည်က ဟာမီးရှရွန် ပါ။ ကျွန်မတို့မိသားစုက ရှမ်းပြည်နယ် တောင်ကြီးမြို့မှာနေထိုင်ပါတယ်။ ကျွန်မမှာ ချစ်စရာကောင်းပြီး ထက်မြက်တဲ့ အသက် ၂ နှစ်အရွယ် ဂရေစ့်နဲ့ အသက် ၃ လအရွယ် ပါမီယာ သမီးလေးနှစ်ယောက်ကိုပိုင်ဆိုင်ထားပါတယ်။ သမီးကြီး ဂရေစ့်ကို နွားနို့ဖော်စပ်စာတွေ တိုက်တော့ မကြာခနဗိုက်နာတယ်၊ ဝမ်းခဏခဏသွားတယ်။ ကလေးအထူးကဆရာဝန်ကြီးရဲ့ရှင်းပြချက်အရ သမီးလေးက နွားနို့ဖော်စပ်စာတွေနဲ့ ဓာတ်မတည့်ဘူးဆိုတာသိခဲ့ရတယ်။ ဒါကြောင့် သမီးလေးကို DG ဆိတ်နို့မှုန့် ကိုပြောင်းပြီးတိုက်ခဲ့ရတယ်။ DG ဆိတ်နို့တိုက်ပြီး သမီးလေးမှာ ဗိုက်နာတာတွေ ဝမ်းခဏခဏ သွားတာတွေ မဖြစ်တော့ဘူး။ ဆိတ်နို့အကြောင်းလေ့လာကြည့်တော့ အစာကြေလွယ်လို့ ဗိုက်ကို သက်တောင့်သက်သာဖြစ်စေတယ်၊ ဝမ်းကိုပျော့ပျော့သွားစေတယ်။ သမီးလေးရဲ့ ဦးနှောက်နဲ့ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့ အဓိကအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာမို့ DG ဆိတ်နို့ကို ယုံကြည်စိတ်ချစွာနဲ့ ဆက်လက်သုံးစွဲခဲ့တာပါ။ DG ဆိတ်နို့ကြောင့်သာ ပိုပြီးသာယာပျော်ရွှင်စရာကောင်းတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားရခြင်းပါ။ ကျေးဇူးတင်ပါတယ် DG ရေ…

Mommy Wint War

ကျွန်မတို့ နယ်မှာ ငယ်ငယ်ကတည်းက ဆိတ်နို့က နွားနို့ထက်ပိုအားရှိတယ်ဆိုပြီးပြောကြတယ်… အခု DG3 ဆိတ်နို့က ကလေးတွေသောက်လို့ရတဲ့ ဖော်မြူလာရပြီဆိုတော့ ဝယ်ပြီးတိုက်ကြည့်တာ… သားသားကလည်း ကြိုက်တော့ DG3 ပဲ ဆက်တိုက်ဖြစ်တယ်… ဆိတ်နိ့က နွားနို့ထက် ဘာတွေပို ကောင်းတာလဲရှာကြည့်တော့ DG3 ထုတ်လုပ်တဲ့ နယူးဇီလန်နိုင်ငံအပြင်ဥရောပနိုင်ငံတွေ ရုရှ၊ သြစတေးလျား၊ ဟောင်ကောင်၊ ထိုင်ဝမ်၊ ထိုင်း အစရှိတဲ့ အာရှနိုင်ငံတွေမှာလည်း နာမည်ကြီးပြီးလူကြိုက်များတယ်… DG3 ဆိတ်နို့မှာ နွားနို့ထက် သဘာဝအာဟာရဓာတ် တွေအများကြီးပိုပါတယ်။ ပြီးတော့ အစာကြေလွယ်လို့ ဗိုက်မအီမသာဖြစ်တာတွေလည်းမဖြစ်တော့ဘူး။ ဝမ်းကိုလည်းပျော့စေလို့ သားသားလို ဝမ်းချုပ်တက်တဲ့သူအတွက် အဆင်ပြေတာပေါ့… DG3 ဆိတ်နို့မှာ DHA အပြင် တခြားဗီတာမင်နဲ့ သတ္ထုဓာတ်တွေလည်းပါဝင်ပြီး ခန္ဓ္ဓာကိုယ်က ပိုပြီးစုပ်ယူနိုင်တာကြောင့် ဦးနှောက်နဲ့ ခန္ဓ္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေပါတယ်… DG3 ဆိတ်နို့ကို သားသားအတွက် ရွေးချယ်နိုင်ခဲ့လို့ မိခင်တစ်ယောက်အနေနဲ့ ကျေနပ်ပီတိ

ဖြစ်မိပါတယ်…

Mommy Jessica Mozzart

ဆိတ်နို့က နွားနို့ထက် ကောင်းတယ်ဆိုလို့ သမီးလေးကိုလည်း လွန်ခဲ့တဲ့ ၃ လလောက်ကနေ စပြီး DG 3 ဆိတ်နို့ တိုက်ခဲ့ပါတယ်။ တချို့ရက်တွေတော့ တိုက်လို့မရဘူးပေါ့နော်။ ကလေးဆိုတဲ့သဘောက အဲ့ဒီလိုပဲကိုး။ ဒါပေမယ့် ဆိတ်နို့ရဲ့ကောင်းတဲ့အချက်လေးတွေတော့ သတိထားမိပါတယ်။

▪️ ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီတွေက နွားနို့မှာပါဝင်တဲ့ ပရိုတင်းနဲ့ အဆီထက် ပိုပြီးနူးညံ့လို့ အစာခြေဖျက်ရာမှာ ပိုပြီးလွယ်ကူတာမို့ ကလေးတွေရဲ့ ဝမ်းဗိုက်ကို ပိုပြီးသက်တောင့်သက်သာဖြစ်စေပါတယ်တဲ့။ ဝမ်းပြဿနာတွေ နည်းတယ်ပေါ့နော်။

▪️ ဆိတ်နို့က နွားနို့ထက် အာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်တယ်ဆိုတဲ့အချက်ကိုတော့ သုတေသန စာတွေမှာရေးထားတာ တွေ့ရတယ်။ အဲဒီတစ်ချက်ကိုလည်း အတော်လေး သဘောကျတယ်။ အာဟာရဓာတ်တွေက ဘယ်လောက်ပဲပါပါ သူတို့ခန္ဓာကိုယ်ထဲကနေ တကယ်စုပ်ယူနိုင်ဖို့က ပိုအရေးကြီးတယ်လေ။ ဒါမှလည်း ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူပြုမှာပေါ့။ ကိုယ်ခံစွမ်းအား ပိုကောင်းလာတယ်ဆိုတာလည်း သတိထားမိတယ်။

DG 3 ဆိတ်နို့အကြောင်း ပထမတစ်ခါ ကျွန်မပြောပြပြီးကတည်းက ကလေးတွေကို တိုက်နေကြတဲ့ မေမေတွေကလည်း ပြောပါတယ်။ ကလေးတွေ ပေါင်ချိန်လည်းတက်တယ်တဲ့။ ဝမ်းချုပ်တာတွေလည်း သိပ်မရှိတော့လို့ အီအီး သိပ်မညှစ်ရတော့ဘူးတဲ့။ အကယ်၍ ကလေးတွေကို ဆိတ်နို့တိုက်ချင်တဲ့သူရှိရင် DG 3 ဆိတ်နို့ကို Recommend လုပ်ပါတယ်နော်။

ဒါပေမယ့် မိခင်နို့ရည်သည်သာ ကလေးတွေအတွက် အကောင်းဆုံးမို့ အသက် ၂ နှစ်အောက်ကလေးတွေကို တိုက်ချင်တယ်ဆိုရင်တော့ ကလေးအထူးကုဆရာဝန် သို့မဟုတ် အာဟာရဆရာဝန်တွေနဲ့ အရင်ဆုံး တိုင်ပင်ဆွေးနွေးဖို့ အကြံပြုပါတယ်........

Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.516(A), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm