top of page

နယူးဇီလန်နိုင်ငံထုတ် အရည်အသွေးမြင့် DG 3 ဆိတ်နို့

နယူးဇီလန်နိုင်ငံမှ ထုတ်လုပ်သောDG 3 ဆိတ်နို့၏ အရည်အသွေး ကောင်းမွန်မှုကြောင့် ကမ္ဘာ့နိုင်ငံအသီးသီးတွင်လူကြိုက်များလာသည်။ လေ့လာတွေ့ရှိချက်များအရ ဆိတ်နို့တွင်ကယ်လ်ဆီယမ်၊ ဖော့စဖာရပ်၊ အိုင်ရင်း၊ကော့ပါး၊ ဇင့်၊ မက္ကနီဆီယမ်၊ ဆီလီနီယမ်စသည့် အာဟာရဓာတ်များ နွားနို့ထက်ပို၍ ကြွယ်ဝစွာပါဝင်သည်။  ဆိတ်နို့ပရိုတိန်းသည် နွားနို့ပရိုတိန်းထက် ပို၍ အစာကြေလွယ်ပြီး ကယ်လ်ဆီယမ်၊အိုင်းရင်းနှင့် သတ္ထုဓာတ်များကို လျင်မြန်စွာစုပ်ယူနိုင်စွမ်းရှိသည်။ ကယ်လ်ဆီယမ်သည် ကလေးများ၏အရိုးနှင့်သွားများ ကျန်းမာကြံ့ခိုင်စေရန် အဓိက ကူညီပေးသည်။ ကလေးများအတွက် ဆိတ်နို့ဖော်စပ်စာအား ဆရာဝန် သို့မဟုတ် အာဟာရပညာရှင်များ၏ ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါသည်။သည်။

text-icon.png

အာဟာရဓာတ် ပြည့်ဝသော DG 3 ဆိတ်နို့အကြောင်း

 

အာဟာရဓာတ်ပြည့်ဝ၍ ကျန်းမာရေးနှင့် ညီညွှတ်သော DG 3 ဆိတ်နို့အား သဘာဝမှ ရရှိသော အာဟာရဓာတ်များကို အသုံးပြု၍  ထုတ်လုပ်ထားသောကြောင့် အရည်အသွေး
ကောင်းမွန်သော DG 3 ဆိတ်နို့ကို ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။

နယူးဇီလန်နိုင်ငံရှိ ကမ္ဘာ့အကောင်းဆုံး Saanen ဆိတ်များမှ ထုတ်လုပ်ထားသော 

အကောင်းဆုံး DG 3 ဆိတ်နို့

မျိုးရိုးဗီဇကောင်း၍ ကျန်းမာသော ကမ္ဘာ့အကောင်းဆုံး Saanen ဆိတ်များကိုသာ ရွေးချယ်မွေးမြူထားသည်။ ထိုဆိတ်များမှ ရရှိထားသော နို့များတွင် သဘာဝမှ ရရှိသော အာဟာရဓာတ်များ မြင့်မားစွာ ပါဝင်ကြောင်း လေ့လာတွေ့ရှိရသည်။

အစိမ်းရောင် စားကျက်မြေများတွင် ရှင်သန် ပေါက်ဖွားကြသည်

 

ဆိတ်များသည်ကျယ်ဝန်းသောအစိမ်းရောင် စားကျက်မြေတွင် လွတ်လပ်စွာ  ရှင်သန်ပေါက်ဖွားကြသည်။  ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် ရာသီဥတုတွင်နေထိုင်၍ လေကောင်းလေသန့်များရရှိပြီး  သဘာဝမြက်ပင်များကိုသာ စားသုံးသောကြောင့် ပို၍ကျန်းမာသည်။ ထိုဆိတ်များမှ ရရှိသော ဆိတ်နို့ကို အခြေခံ၍ အရည်အသွေးကောင်းမွန်သော DG 3 ဆိတ်နို့ ကို ထုတ်လုပ်ထားသည်။

ဓာတုပစ္စည်းများမပါဝင်သော မြက်ပင်များကိုသာ စားသုံးသည်

 

အာဟာရဓာတ်ပြည့်ဝသော DG 3  ဆိတ်နို့ ရရှိစေရန် ဆိတ်များအား သဘာဝမှ ရရှိ၍ ဓာတုပစ္စည်းမပါဝင်သော မြက်ပင်များကိုသာ စားသုံးစေသည်။ ထိုမြက်ပင်များတွင် ပရိုတိန်းနှင့် ကယ်လ်ဆီယမ်များ မြင့်မားစွာ ပါဝင်ကြောင်း တွေ့ရှိရသည်။ ဆိတ်များအား အာဟာရဓာတ်များ ပိုမိုရရှိစေရန် ပဲတောင့်ရှည်ပဲသီးများကိုလည်း ဖြည့်စွက်၍ စားသုံးစေသည်။

apocrine secretion process.jpg

သဘာဝအာဟာရဓာတ်များ ပါဝင်သော DG 3 ဆိတ်နို့

 

 

ဆိတ်များ၏ နို့ရည်ထုတ်စနစ်သည် နွားများထက် လူသားမိခင်များ၏ နို့ရည်ထုတ်စနစ်နဲ့ဆင်တူတာကြောင့် DG 3 ဆိတ်နို့တွင် နွားနို့ထက်ပို၍ ကလေးတွေရဲ့ ဦးနှောက်နှင့်ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနှင့် ကောင်းမွန်သော ကိုယ်ခံအားစနစ်ဖြစ်ပေါ်စေဖို့အတွက် အဓိကထောက်ပံ့ပေးတဲ့ သဘာဝအာဟာရဓာတ်များဖြစ်ကြသော Nucleotides, Taurine, Polyamines နှင့် Growth Factors တို့အပြင် အခြားသော ဗီတာမင်နှင့်သတ္ထုဓာတ်များလည်း ကြွယ်ဝစွာပါဝင်သည်။

 

 

ဆိတ်နို့ထဲတွင်ပါဝင်သော ဆိတ်နို့ပရိုတိန်းသည် အစာကြေလွယ်၍ ကယ်လ်ဆီယမ်၊ မက္ကနီဆီယမ်နှင့် ဇင့် စသော အာဟာရဓာတ်များကို ခန္ဓာကိုယ်မှ ပို၍ လျင်မြန်စွာ စုပ်ယူနိုင်သည်။ ထို့အပြင် DHA ၊ ARA ၊ Omega  (3,6,9)၊ Taurine နှင့် Vitamin B12 စသော အာဟာရဓာတ်များ ပါဝင်သောကြောင့် ကလေးများ၏  ဦးနှောက်နှင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုအတွက်သာမက ကောင်းမွန်သောကိုယ်ခံစွမ်းအားစနစ်ဖြစ်စေရန်လည်း ကူညီပေးသည်။

 

Dairy Goat Cooperative သည် နယူးဇီလန်နိုင်ငံ ဟမီတွန်မြို့တွင်တည်ရှိပီး ဆိတ်နို့မှုန့်များကို ထုတ်လုပ်၍ ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ တင်ပို့ရောင်းချလျှက်ရှိသည်။ DG 3 ဆိတ်နို့၏ အရည်အသွေးကောင်းမွန်မှုကြောင့် နယူးဇီလန်နိုင်ငံ အစိုးရမှချီးမြှင့်သည့် Silver Fern တံဆိပ်ကို ရရှိထားသောကြောင့် ယုံကြည်စိတ်ချစွာ သုံးစွဲနိုင်ပါသည်။

Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)

Contact Info

Phone : +95 9 783 333 554

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page