top of page

ဆိတ်နို့၏ အကျိုးကျေးဇူးများ

ဆိတ်နို့ပရိုတိန်းသည် နူးညံ့၍ အစာကြေလွယ်ပြီး ကလေးများ၏ ဦးနှောက်နှင့်ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အဓိကသဘာဝအာဟာရဓာတ်များဖြစ်ကြသည့် DHA, Calcium, Omega 3,6,9, ဗီတာမင်နှင့် သတ္ထုဓာတ်များကို ခန္ဓာကိုယ်မှ အလွယ်တကူစုပ်ယူနိုင်ရန် ကူညီပေးသည်။ ဆိတ်နို့သည် နွားနို့ထက် ကလေးများ၏ဝမ်းဗိုက်ကို ကျန်းမာစေပြီး ဝမ်းပျော့စေခြင်းနှင့် ဓာတ်မတည့်ခြင်းဖြစ်ပွားမှု (၃)ဆမျှနည်းပါးခြင်း စသောအကျိုးကျေးဇူးများကို ရရှိုနိုင်သည်။

နို့ရည်ထုတ်စနစ်

10.png

Nucleotide ကောင်းမွန်သော ကိုယ်ခံစွမ်းအားစနစ်ဖြစ်စေရန်

ထောက်ပံ့ပေးသည်

​Taurine အမြင်အာရုံနှင့် ဉာဏ်ရည်ထက်မြက်စေရန်

ထောက်ပံ့ပေးသည်

 

Polyamine ဝမ်းဗိုက်ကိုကျန်းမာစေပြီး ဝမ်းပျော့စေနိုင်သည်

 

Growth Factor ကလေးများ၏ အလုံးစုံကြီးထွားဖွံ့ဖြိုးမှုအတွက်

ထောက်ပံ့ပေးသည်

9.png

ဇီဝကမ္မရုပ်ပုံအားဖြင့် ဆိတ်များတွင် လူများကဲ့သို့ နို့သီးခေါင်း နှစ်ခုပါရှိသည်။ ဆိတ်များ၏ နို့ရည်ထုတ်စနစ်သည် နွားများထက် လူသားမိခင်များ၏ နို့ရည်ထုတ်စနစ်နှင့် ဆင်တူသောကြောင့် ဆိတ်နို့တွင် နွားနို့ထက် ကလေးများ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုနှင့် ကောင်းမွန်သော ကိုယ်ခံစွမ်းအားစနစ် ဖြစ်ပေါ်စေရန်အတွက် အဓိကထောက်ပံ့ပေးသော သဘာဝအာဟာရဓာတ်များအပြင် ဗီတာမင်နှင့် သတ္ထုဓာတ်များ ကြွယ်ဝစွာ ပါဝင်သည်။

ဆိတ်နို့ပရိုတိန်း၏ ထူးခြားချက်များ 

 

ဆိတ်နို့ပရိုတိန်းသည် နွားနို့ပရိုတိန်းထက် နူးညံ့ပျော့ပျောင်း၍ အစာကြေလွယ်ပြီး အဓိကအရေးကြီးသည့် အာဟာရဓာတ်များနှင့် သတ္ထုဓာတ်များကို လွယ်ကူလျင်မြန်စွာချေဖျက် စုပ်ယူနိုင်သည်။

ဆိတ်နို့အဆီ၏ ထူးခြားချက်များ

 

ဆိတ်နို့အဆီသည် နွားနို့အဆီထက် အရွယ်အစားသေးငယ်၍ အစာကြေလွယ်သည်။ ဆိတ်နို့တွင် အရည်အသွေးမြင့်အဆီ (MCT)များစွာ ပါဝင်သောကြောင့် လွယ်ကူစွာ ချေဖျက်စုပ်ယူနိုင်၍ ဝမ်းပျော့စေနိုင်သည်။

ဆိတ်နို့တွင် နွားနို့့ထဲထက် ဓာတ်မတည့်ခြင်းဖြစ်စေသော ပရိုတိန်းပါဝင်မှုနည်းခြင်း

Graph.png

ဆိတ်နို့တွင် ဓာတ်မတည့်ခြင်းဖြစ်စေသော

ပရိုတိန်းနည်းပါးစွာပါဝင်တာကြောင့်

နွားနို့ထက် ဓာတ်မတည့်ခြင်းဖြစ်ပွားမှုကို (၃)ဆမျှ

နည်းပါးစေသည်။

ဆိတ်နို့သည် အဓိကအာဟာရဓာတ်များကို နွားနို့ထက် ပိုမိုစုပ်ယူနိုင်သောကြောင့် ကလေးများ၏ ဦးနှောက်နှင့် ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှု၊ ကောင်းမွန်သော ကိုယ်ခံစွမ်းအားစနစ် ဖြစ်ပေါ်စေရန်အတွက် အကောင်းဆုံး ထောက်ပံ့ပေးသည်။

Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page