top of page

ဆိတ်နို့ရဲ့ အံ့အားသင့်စရာ အချက်အလက်များ

  • Jan 15, 2019
  • 1 min read

Updated: Jul 7, 2020




ဆိတ်နို့မှာ နွားနို့ထက် သဘာဝအာဟာရဓာတ်များ ပိုမိုပါဝင်တယ်ဆိုတာ ကျွန်မတို့အားလုံး သိရှိပြီးဖြစ်ပါတယ်။ယေဘူယျအားဖြင့် ဆိတ်နို့ဟာ နွားနို့ထက်ပိုပြီးတော့ အစာကြေလွယ်တယ်လို့ နိုင်ငံများစွာမှ လူပေါင်းများစွာက လက်ခံယုံကြည်ထားခဲ့ပေမယ့် ဘာကြောင့်လဲဆိုတာကို သိပ္ပံနည်းကျ ရှင်းရှင်းလင်းလင်း မသိခဲ့ကြပါဘူး။ ဒီကနေ့မှာတော့ ကျွန်မဟာ နယူးဇီလန်နိုင်ငံ Dairy Goat Cooperative ရှိ ကျွမ်းကျင်သူများထံမှ လေ့လာသင်ယူခွင့်ရခဲ့ပါတယ်။ ကျွန်မသိခဲ့ရတဲ့ ဆိတ်နို့ရဲ့နောက်ကွယ်မှ အ့ံအားသင့်စရာ သိပ္ပံနည်းကျအချက်အလက်များကို အားလုံးကို မျှဝေပေးချင်ပါတယ်။


နွားနို့နဲ့ယှဉ်လျှင် ဆိတ်နို့ရဲ့နို့ရည်ထုတ်စနစ်ဟာ လူရဲ့ နို့ရည်ထုတ်စနစ်နဲ့ ပိုပြီး နီးစပ်တူညီပါတယ်။

ဘာကြောင့်လဲဆိုတော့ ဆိတ်တွေမှာ နို့ရည်ထုတ်ဖို့အတွက် နို့သီးခေါင်း နှစ်ခုပါဝင်ပြီး၊ နွားတွေမှာတော့ နို့သီးခေါင်း လေးခု ပါဝင်ပါတယ်။ ဒါ့ကြောင့် ကလေးငယ်များရဲ့ ဦးနှောက် နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် အရေးကြီးတဲ့ အဓိက အာဟာရဓာတ်များကို ဆိတ်နို့ နှင့် မိခင်နို့များရဲ့ နို့ရည်ထုတ်စနစ်မှ ပိုမိုရရှိနိုင်ပြီး သဘာဝအာဟာရဓာတ်များလည်းပိုမို ပါဝင်ပါတယ်။


ဆိတ်နို့သောက်တဲ့ ကလေးငယ်တွေမှာ နွားနို့သောက်တဲ့ ကလေးတွေထက် ဝမ်းဗိုက်ကို ပိုမိုသက်တောင့်သက်သာဖြစ်ပြီး အစာလည်းပိုမိုကြေလွယ်ပါတယ်။


ဘာကြောင့်လဲဆိုတော့ ဆိတ်နို့က သဘာဝအရ နွားနို့ထက် ပိုမိုနူးညံ့ပြီး ချေဖျက်ဖို့အတွက်လည်း ပိုမိုလွယ်ကူပါတယ်။

ဝမ်းမာမာသွားသော ကလေးငယ်များကို ဆိတ်နို့ပြောင်းတိုက်ကြည့်သောအခါ ဝမ်းပျော့ပျော့သွားပြီး ဝမ်းဗိုက်ကိုသက်တောင့်သက်သာဖြစ်စေ၍ ခန္ဓာကိုယ်ဖွံ့ဖြိုးမှု အတွက်လိုအပ်သော အာဟာရဓာတ်များ ကိုလည်း လွယ်ကူစွာစုပ်ယူနိုင်သည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ဆိတ်နို့က နွားနို့ထက် ဓာတ်မတည့်မှု ပိုမိုနည်းပါးပြီး ဖွံ့ဖြိုးမှုနှင့် အသားအရည်ကြည်လင်တောက်ပမှုအတွက် အရေးပါသော ကယ်လ်ဆီယမ်ဓာတ် စုပ်ယူမှုကို ပိုမိုအားကောင်းစေပါသည်။


DG3 ဆိတ်နို့ကလေးအာဟာရမှုန့်တွင် ပါဝင်သောအာဟာရဓာတ်များကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ သတ်မှတ်ထားသော အာဟာရတန်ဖိုးများအတိုင်း ပေါင်းစပ်ထုတ်လုပ်ထားပါသည်။ ကလေးငယ်များအတွက်ဆိတ်နို့အာဟာရမှုန့် များသည် လူကြိုက်များကျော်ကြားလာပြီး ဥရောပနိုင်ငံများ၊ ကိုရီးယား၊ တရုတ်နှင့် ထိုင်းနိုင်ငံများတွင် တွင်ကျယ်စွာရောင်းချလျက်ရှိပါသည်။


နယူးဇီလန်နိုင်ငံတွင်လည်း ဆိတ်နို့အာဟာရမှုန့်များကို ကလေးများအတွက်သာမက လူကြီးများအတွက်ပါ ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။ ထို့အပြင် ဆိတ်နို့ဒိန်ချဉ်၊ ကလေးများနှင့် လူကြီးများအတွက် ဆိတ်နို့အရည် ၊ ဆိတ်နို့အလှဆီ နှင့် အသားအရည်လှပရန်အတွက် ဆိတ်နို့ဆပ်ပြာ စသည်ဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိပါသည်။


ကျွန်မရဲ့ သူငယ်ချင်းတစ်ယောက်က DG3 ဆိတ်နို့နဲ့ပတ်သက်တဲ့ သူ့အတွေ့အကြုံကိုအခုလို ပြောပြပါတယ်…

သူမရဲ့လူနာတစ်ယောက်ဟာ သူ့ကလေးကို ငယ်ငယ်လေးထဲကနေ အခုချိန်အထိ DG3 ဆိတ်နို့ကို အမြဲတိုက်ခဲ့ပါတယ်။ ရလာဒ်ကတော့ သူ့ကလေးက ထူးချွန်ထက်မြက်လာပြီးတော့ အသားအရေဆိုလည်း စိုပြေနေတာပဲတဲ့ …


သေချာတာပေါ့ … ဆိတ်နို့ရဲ့ကောင်းကျိုးနဲ့ပတ်သက်လို့ ကျွန်မ လုံးဝသံသယ မရှိပါဘူး!





 
 
 

Comments


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page