top of page
Search

Jessica Mozart's ပြောတဲ့ ဆိတ်နို့အကြောင်း

thazinmoe

Updated: Jul 7, 2020


Jessica Mozart: A blogger, a writer and a fellow mom who wants to encourage, empower and motivate other women.

ဆိတ်နို့အကြောင်း

••••••••••••••••

Jessica Mozart (အေးအေးမျိုးဆက်)


ငယ်ငယ်တုန်းက ကျန်းမာရေးချူချာတဲ့ကျွန်မကို အမေက အားရှိအောင်ဆိုပြီး "ဆိတ်နို့မုန့်" လို့ခေါ်တဲ့ ဘီစကစ်လေးတွေ အမြဲဝယ်ကျွေးတယ်။ တခါတလေ တစ်ထုပ်လုံးကို တထိုင်ထဲစားပစ်လိုက်တာ မှတ်မိတယ်။ အခုတော့ အဲ့ဒီဆိတ်နို့မုန့်လေးတွေ မရှိတော့ဘူးထင်ပါတယ်။ အခုက ခေတ်ကလည်းပြောင်း၊ နည်းပညာတွေကလည်း တိုးတက်လာတော့ ဆိတ်နို့နဲ့ လုပ်ထားတဲ့နို့မှုန့်လေးတွေခေတ်ဖြစ်လာတယ်။


ဆိတ်နို့မှုန့်အကြောင်းပြောရရင် ဆိတ်နို့မှုန့်လေးတွေက မြန်မာနိုင်ငံမှာတော့ အရမ်းခေတ်မစားသလိုရှိပေမယ့် New Zealand အပါအဝင် တခြားနိုင်ငံတော်တော်များများမှာတော့ ဆိတ်နို့ကို အတော်လေးသုံးကြပါသတဲ့။


ပိုုပြီးအသေးစိတ်ပြောပြရရင်တော့ ...






✅ ဆိတ်နို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီက နွားနို့မှာပါဝင်တဲ့ ပရိုတင်းနဲ့အဆီထက် ပိုပြီးနူးညံ့တဲ့အတွက် အစာခြေဖျက်ရာမှာ ပိုလွယ်ကူတာမို့ ကလေးတွေရဲ့ဝမ်းဗိုက်ကို ပိုပြီးသက်တောင့်သက်သာဖြစ်စေတယ်။

✅ ဆိတ်နို့က နို့ထဲမှာပါတဲ့အဓိကအာဟာရဓာတ်တွေကို ပိုပြီးစုပ်ယူနိုင်တာကြောင့် ကလေးတွေရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ်ကြီးထွား့ဖြိုးမှု၊ ကလေးတွေရဲ့ကိုယ်ခံစွမ်းအားစနစ်ကို ပိုမိုကောင်းမွန်ဖို့အတွက် ကူညီပေးပါတယ်။


✅ ဗီတာမင်ပါဝင်မှုအနေနဲ့ကတော့ ဆိတ်နို့က နွားနို့ထက် ကယ်လစီယမ်၊ ဗီတာမင် B6 ၊ ဗီတာမင် A ၊ ပိုတက်စီယမ် စသဖြင့်သော ဗီတာမင်တွေပိုပါပြီး ... နွားနို့ကတော့ ဆိတ်နို့ထက် ဗီတာမင် B12 နဲ့ Folic Acid ပိုပါပါတယ်။ ဒါပေမယ့် ဆိတ်နို့နဲ့လုပ်ထားတဲ့ နို့မှုန့်ကောင်းကောင်းတွေမှာတော့ ဗီတာမင် B12 နဲ့ Folic Acid တွေကို ထပ်ဖြည့်ပေးထားတဲ့အတွက် ကလေးတွေအတွက် လိုအပ်တဲ့ပမာဏ အပြည့်အဝ ပါဝင်ပါတယ်။


✅ ဓါတ်မတည့်မှုဖြစ်စေနိုင်တဲ့ ပရိုတိန်းဓါတ်ပါဝင်မှုကလည်း ဆိတ်နို့မှာက နွားနို့ထက်နည်းပါတယ်တဲ့။ အဲ့ဒါကြောင့်မို့ ဝမ်းနဲ့ပတ်သတ်တဲ့ပြဿနာတွေဖြစ်ခြင်း၊ အဖုအပိန့်အနီကွက်တွေထခြင်း၊ အော့အန်ခြင်းစတဲ့ Allergy ဖြစ်ပွားခြင်းလက္ခဏာများကို (၃)ဆလောက် နည်းပါးစေပါတယ်။


ဆိတ်နို့ကို ကိုယ့်အိမ်မှာကိုယ် ကျိုချက်ပြီးတိုက်ချင်ရင် သေချာသန့်စင်အောင် ပြုလုပ်ကျိုချက်ဖို့ လိုပါတယ်။ စိတ်ချရတဲ့ Readymade ဆိတ်နို့မှုန့်ကောင်းကောင်း တိုက်ချင်ရင်တော့ DG ဆိတ်နို့ ရှိပါတယ်။ DG ဆိတ်နို့ဟာဆိုရင် သူ့ရဲ့စက်ရုံက နယူးဇီလန်မှာတည်ရှိပြီး နို့မှုန့်တွေကိုလည်း အဲ့ဒီမှာပဲထုတ်ပါတယ်။ အာဟာရဆိုင်ရာဆရာဝန်မကြီး အန်တီဒေါ်ဝင်းဝင်းမြင့်ကိုယ်တိုင် ဆိတ်နို့ရဲ့အကျိုးကျေးဇူးတွေအကြောင်း ပြောပြထားတဲ့ ဗီဒီယိုလေးကိုလည်း DG Smartmom Myanmar ရဲ့ Facebook Page https://www.facebook.com/DGSmartmom/ မှာ လေ့လာနိုင်ပါသေးတယ်။


အဲ့ဒါကြောင့်မို့ ကလေးတွေကို နွားနို့ထက် အကျိုးကျေးဇူးပိုများတဲ့ ဆိတ်နို့မှုန့်ကောင်းကောင်းတိုက်ချင်တဲ့သူတွေအတွက် DG ဆိတ်နို့ ကို ညွှန်ပေးလိုက်ပါတယ်။‬မိခင်နို့မှလွဲ၍ ဘယ်နို့၊ ဘယ်နို့မှုန့်မဆို ကလေးကို မတိုက်ခင် ဆရာဝန်နဲ့ အရင်တိုင်ပင်သင့်ပါတယ်နော်။


 
 
 

Comments


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page