top of page

ကလေးများအတွက် DG 3 ဆိတ်နို့ကို ရွေးချယ်တိုက်ကျွေးသင့်သော အချက် (၅)ချက်

  • Jan 15, 2019
  • 1 min read

Updated: Jul 7, 2020


ree

၁. နယူးဇီလန်နိုင်ငံမှထုတ်လုပ်သည့် အရည်အသွေးကောင်းမွန်သော DG 3 ဆိတ်နို့


Dairy Goat Cooperative သည်နယူးဇီလန်နိုင်ငံ ဟမီတွန်မြို့တွင် တည်ရှိပြီး ဆိတ်နို့မှုန့်များကို ထုတ်လုပ်၍ ကမ္ဘာ့နိုင်ငံပေါင်းများစွာသို့ တင်ပို့ရောင်းချလျှက်ရှိသည်။ DG ထုတ်ကုန်များသည် အရည်အသွေးကောင်းမွန်သောကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ အသိအမှတ်ပြုသော Codex Standard (နိုင်ငံတကာ စံချိန်စံညွှန်းနှင့်ညီသော စားသောက်ကုန်ပစ္စည်း) အား လက်ခံရရှိပြီး နယူးဇီလန်နိုင်ငံ၏ အရည်အသွေးမြင့် အမှတ်တံဆိပ်အဖြစ် Silver Fern တံဆိပ်ကိုလည်း လက်ခံရရှိခဲ့တာကြောင့် သားသားမီးမီးတို့အတွက် ယုံကြည်စိတ်ချစွာ တိုက်ကျွေးနိုင်ပါသည်။


၂. အဓိကသဘာဝအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည့် DG 3 ဆိတ်နို့


နယူးဇီလန်နိုင်ငံမှ ထုတ်လုပ်သော DG 3 ဆိတ်နို့တွင် ကလေးများရဲ့ဦးနှောက်နှင့်ခန္ဓာကို်ယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သည့် အဓိကသဘာဝအာဟာရဓာတ်များဖြစ်ကြသည့် Nucleotides, Taurine, Polyamine နှင့် Growth Factor တို့ ကြွယ်ဝစွာပါဝင်တာကြောင့် သားသားမီးမီးတို့အတွက် အထူးသင့်လျော်ပါသည်။


၃. ကလေးငယ်များ၏အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုအတွက်လိုအပ်သောအာဟာရဓာတ်များ ပေးစွမ်းနို်င်သည့် DG 3 ဆိတ်နို့


DG 3 ဆိတ်နို့တွင် သဘာဝရအာဟာရဓာတ်များ မြင့်မားစွာ ပါဝင်သောကြောင့် ကလေးငယ်များ၏ အသက်အရွယ်အလိုက် ကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်သော အာဟာရဓာတ်များကို ပေးစွမ်းနို်င်သည်။ အရည်အသွေးကောင်းမွန်သည့် ဆိတ်နို့များကိို အခြေခံ၍ ထုတ်လုပ်ထားသောကြောင့် နယူးဇီလန်နိုင်ငံထုတ် DG 3 ဆိတ်နို့ကိုသာ သားသားမီးမီးတို့အတွက် ရွေးချယ်သင့်ပါသည်။


၄. အစာကြေလွယ်၍ အဓိကသဘာဝအာဟာရဓာတ်များကို လွယ်ကူလျင်မြန်စွာ ချေဖျက်စုပ်ယူနိုင်သည့် DG 3 ဆိတ်နို့


ဆိတ်နို့ပရိုတိန်းသည် အစာကြေလွယ်ပြီး ကလေးများရဲ့ဦးနှောက်နှင့်ခန္ဓာကို်ယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် DHAနဲ့ အဓိကသဘာဝအာဟာရဓာတ်များကို လွယ်ကူလျင်မြန်စွာ ချေဖျက်စုပ်ယူနိုင်တာကြောင့် ဝမ်းဗိုက်ကိုကျန်းမာစေပြီး ဝမ်းပျော့ပျော့သွားစေသောကြောင့် ဝမ်းချုပ်ခြင်းမဖြစ်စေနိုင်ပါ။ နွားနို့ထက် ကယ််လ်ဆီယမ်ဓာတ် မြင့်မားစွာပါဝင်တာကြောင့် သားသားမီးမီးများ အရိုးနှင့်သွားများ ကျန်းမာကြံံ့ခိုင်စေရန် အကောင်းဆုံး ထောက်ပံ့ပေးပါသည်။


၅. ဓာတ်မတည့်ခြင်းဖြစ်ပွားမှု နည်းပါးသော DG 3 ဆိတ်နို့


လေ့လာတွေ့ရှိချက်များအရ DG 3 ဆိတ်နို့ ပရိုတိန်းသည် နွားနို့ပရိုတိန်းထက် ကလေးများတွင် ဓာတ်မတည့်ဖြစ်ခြင်းကို ၃ ဆ မျှ နည်းပါးစေသည်။ ဓာတ်မတည့်ခြင်း၏ လက္ခဏာများမှာ ဝမ်းလျှောခြင်း၊ ဝမ်းမာခြင်း၊ အဖုအပိမ့်အနီကွက်များထခြင်း၊ အော့အန်ခြင်း စသည်တို့ဖြစ်ပါသည်။

 
 
 

Comments


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page