top of page
Search

နယူးဇီလန်နိုင်ငံမှ DG ဆိတ်နို့ထုတ်လုပ်သည့် စက်ရုံ

Updated: Jul 7, 2020



ကျွန်မနာမည်ကတော့ ဒေါက်တာ ဝင်းဝင်းမြင့်ဖြစ်ပါတယ်။ အာဟာရဆိုင်ရာ အထူးကု ဆရာဝန်ဖြစ်ပါတယ်။ ကျွန်မဟာ နယူးဇီလန်ကိုသွားရောက်ပြီး နယူးဇီလန်နိုင်ငံမှ DG ဆိတ်နို့ထုတ်လုပ်သည့် စက်ရုံမှာ ဒီဂျီဆိတ်နို့ ရဲ့အရည်အသွေးကိုလေ့လာ အကဲဖြတ်ခွင့်ရခဲ့ပါတယ်။ နယူးဇီလန်မှာရှိတဲ့ DG ဆိတ်နို့စက်ရုံက ဆိတ်နို့ကလေးအာဟာမှုန့်ထုတ်လုပ်မှုမှာ ထိပ်ဆုံးမှ ဦးဆောင်နေတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ နယူးဇီလန်နိုင်ငံ၊ ဝါကာတိုမှာ တည်ရှိပြီး သဘာဝအလှတရားများ ကြွယ်ဝတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။


စိုက်ပျိုး/မွေးမြူရေးလုပ်ဖို့အတွက် သဘာဝက ဖန်ဆင်းပေးထားတဲ့ နိုင်ငံတစ်ခုလို့တောင်ပြောလို့ရပါတယ်။ ဒီနေရာဟာ DG ဆိတ်နို့ ထုတ်လုပ်ဖို့အတွက် ဆိတ်တွေကို မွေးမြူထားတဲ့နေရာလည်းဖြစ်ပါတယ်။ ပြီးတော့ ဒီနေရာကနေ DG ထုတ်လုပ်တဲ့ စက်ရုံဆီကို အချိန်တိုအတွင်းရောက်ရှိနို်င်ပါတယ်။


DG ကလေးအာဟာရမှုန့်ထုတ်လုပ်သူတွေရဲ့ အရည်အသွေးထိန်းသိမ်းနိုင်မှုနဲ့ ထုတ်လုပ်မှုအဆင့်အတန်းမြငိ့မားမှုကို ကျွန်မတကယ်ပဲ လေးစားခဲ့ရပါတယ်။ ဆိတ်နို့ကို ဗူးတွေထဲမထည့်ခင်အချိန်အထိကို အမြဲလတ်ဆတ်နေအောင် အဆင့်တိုင်းကို စနစ်တကျ စီစစ်လုပ်ဆောင်ကြပါတယ်။ DG နဲ့ပတ်သက်တဲ့ အခြားအကြောင်းအရာများကို https://www.dgc.co.nz/ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။


မွေးမြူရေးခြံတွေကနေ ထုတ်လုပ်တဲ့နေရာရောက်တဲ့အထိ DG ဆိတ်နို့ကို လတ်ဆက်အောင်ထားပုံအဆင့်ဆင့်ကို အောက်ပါ ဗီဒီယိုမှာ ကြည့်ရှုနိုင်ပါတယ်။



DG ဆိတ်နို့ထုတ်လုပ်ရာမှာ ထုတ်လုပ်မှုတစ်ခုတည်းသာမက အကောင်းဆုံးအရည်အသွေးဖြစ်အောင် သုတေသနပြုလုပ်သူများထားရှိပြီး စဉ်ဆက်မပြတ်လေ့လာစမ်းစစ်လျက်ရှိပါတယ်။ ဆေးသုတေသနစမ်းသပ်ချက်များအရ ကလေးငယ်များအတွက် ဦးနှောက်နဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးဖို့အတွက် အရေးကြီးသော အဓိက အာဟာရဓာတ်ပါဝင်မှုမှာ DG ဆိတ်နို့က နွားနို့ထက်သာလွန်ကြောင်းတွေ့ရှိရပါသည်။


DG ဆိတ်နို့ကို သောက်တဲ့ကလေးငယ်များက နွားနို့သောက်သည့်ကလေးများထက် ဝမ်းပျော့ပျော့သွားပြီး ဝမ်းဗိုက်ကိုပိုပြီးသက်တောင့်သက်သာ ဖြစ်သည်ကိုလည်း တွေ့ရှိရပါသည်။ ဒါတွေကြောင့်လည်း ဆိတ်နို့က နွားနို့ထက်ပိုပြီး အကျိုးကျေးဇူးများတယ်ဆိုတာ ကျွန်မအတွက် အ့ံသြစရာမဟုတ်တော့ပါဘူး။


ကလေးငယ်များအတွက်ထုတ်လုပ်ထားတဲ့ DG ဆိတ်နို့ရဲ့ အရသာကို ကျွန်မစမ်းသပ်ကြည့်ခဲ့ပါတယ်။ ပထမတော့ ကျွန်မထင်တာက နွားနို့လောက် အရသာရှိပါ့မလားလို့ စိုးရိမ်နေခဲ့တာ…ကျွန်မပြောတာယုံပါ အရသာလုံးဝမကွာပါဘူး။ ကျွန်မတကယ်ကြိုက်ပါတယ်၊ ပြီးတော့ ကလေးတွေလည်းကြိုက်လိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်။ အရသာအရမ်းရှိတယ်လေ!

94 views0 comments

Comments


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page