ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသော နည်းလမ်းများ
top of page
Search

ကလေးများ၏ ဉာဏ်ရည်ဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုသော နည်းလမ်းများ

Updated: Jul 7, 2020



အသက် (၂)နှစ်အရွယ်သည် ကလေးများ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အမြင့်မားဆုံးအရွယ်ဖြစ်ပြီး အရာဝတ္ထုမှန်သမျှကို ထိတွေခံစားလိုစိတ် စူးစမ်းရှာဖွေလိုစိတ်များ ရှိကြသည်။ ထိုအရွယ်၌ အိမ်တွင်းတွင်သာမက ပြင်ပပတ်ဝန်းကျင်ရှိ အဖြစ်အပျက်များအား စူးစမ်းရှာဖွေ၍ လေ့လာသင်ယူကြသည်။ ထိုကဲ့သို့ စူးစမ်းလေ့လာခြင်းဖြင့် ကလေးများ၏ ဉာဏ်ရည်ထက်မြက်ရုံသာမက စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတိုးတက်မှုလည်း မြင့်မားစေသည်။


IQ (Intelligence Quotient) ဆိုသည်မှာ လူတစ်ယောက်၏ စဉ်းစားတွေးခေါ်နိုင်စွမ်း၊ ခွဲခြားစိတ်ဖြာနိုင်စွမ်း၊ တွက်ချက်နိုင်စွမ်းနှင့် ပြဿနာများအား ကျိုးကြောင်းဆီလျှော်စွာဖြေရှင်နိုင်စွမ်းစသော ဉာဏ်ရည်ဉာဏ်သွေးအဆင့်ကို တို်င်းတာသော အတိုင်းအတာတစ်ခုဖြစ်သည်။ ဉာဏ်ရည်ထက်မြက်ခြင်းသည် မျိုးရိုးဗီဇနှင့် အနည်းငယ်ဆိုင်သော်လည်း ချစ်ခင်ရင်နှီးသော မိသားစုရှိခြင်း၊လုံလောက်သော အာဟာရဓာတ်များ ပြည့်ဝစွာရရှိခြင်း၊ သင်ယူလေ့လာမှုအတွက် ကောင်းမွန်သော ပတ်ဝန်းကျင်ရှိခြင်းနှင့် ပို၍သက်ရောက်မှုရှိသည်။


IQ ကောင်းစေသော နည်းလမ်းများ – ကလေးများအား ပတ်ဝန်းကျင်ကမာ႓အသစ်နှင့် ထိတွေ့စေခြင်း၊ အမေးအဖြေများလုပ်ပေးခြင်း၊ ပတ်ဝန်းကျင်ရှိ ဖြစ်ပျက်မှုများအား လေ့လာစေခြင်း၊ ကိုယ့်လက်လှုပ်ရှားလေ့ကျင့်ခန်း ပြုလုပ်စေခြင်းနှင့် ကျန်းမာရေးနှင့် ညီညွတ်သော အစာအာဟာရဓာတ်များ စားသုံးစေခြင်းတို့ဖြစ်သည်။


ဥပမာအားဖြင့် ကစားစရာအရုပ်လေးများ၊ အစားအစာများ၊ ပန်းများနှင့် အခြားသောအရာဝတ္ထူပစ္စည်းမှန်သမျှကို ထိတွေ့ကိုင်တွယ်စေခြင်းဖြင့် သင်ယူလေ့လာသောအကျင့်ကို လှုံဆော်ပေးရမည်။ ကစားစရာအရုပ်များနှင့် ဆော့စေခြင်း၊၊ ပမာဏများအား ရေတွက်ခိုင်းခြင်း၊ တူညီသော အရာဝတ္ထူပစ္စည်းများအား မှတ်သားစေခြင်းဖြင့် မှတ်ဉာဏ်စွမ်းရည်တိုးအောင် လေ့ကျင့်ပေးသင့်သည်။


မိဘများသည် ကလေးများကို ကလေးတို့ဖတ်စရာ စာအုပ်များအား ဖတ်ပြ၍ ထိုစာအုပ်တွင်ပါဝင်သော အကြောင်းအရာများအား အပြန်အလှန် အမေးအဖြေများ ပြုလုပ်၍ IQ ကောင်းအောင် လေ့ကျင့်ပေးသင့်သည်။

ကလေးများအား အမျိုးမျိုးသောသီချင်းသံများ၊ ဘာသာစကားများ၊ သဘာဝ ပတ်ဝန်းကျင်မှလာသော အသံများ၊ စက်ပစ္စည်းမှထွက်ပေါ်လာသောအသံများနှင့် တိရစ္ဆာန်အသံတို့၏ အသံခြားနားမှုများကို နားလည်ခြင်းဖြင့် အကြားစွမ်းရည်ကို တိုးတက်အောင်လည်း လေ့ကျင့်ပေးသင့်သည်။


EQ (Emotional Quotient) ဆိုသည်မှာ သည်းခံနိုင်စွမ်းရည်ကို တိုင်းတာသော အတိုင်းအတာတစ်ခု ဖြစ်သည်။ EQ မြင့်သော ကလေးများသည် မိမိကိုယ်ကိုနှင့် အခြားသူများအပေါ်တွင် နားလည်ပေးနိုင်ခြင်း၊ ၊ကိုယ်ချင်းစာတတ်ခြင်း၊ အရာရာကို အကောင်းမြင်နိုင်ခြင်း၊ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိအောင် နေထိုင်နိုင်ခြင်း၊ စဉ်းစားချင့်ချိန်နိုင်ခြင်း၊ စိတ်အားထက်သန်ခြင်း၊ အောင်မြင်လိုစိတ်ရှိခြင်း၊ မိမိကိုယ်ကိုနှင့် အခြားသူများအပေါ်၌ တန်ဖိုးထား ဆက်ဆံတတ်ခြင်းနှင့် မိမိကိုယ်ကို ယုံကြည်မှုရှိခြင်းစသော စွမ်းရည်များ ရှိကြသည်။


EQ ကောင်းစေရန် နည်းလမ်းများ – ကလေးများတွင် ပျော်ရွှင်ချမ်းမြေ့စွာကြီးပြင်းလာရန် ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမှုရှိစွာ နေထိုင်တတ်ရန် စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်ရန် စသော စိတ်ခံစားချက်စွမ်းရည် (EQ) များ တိုးတက်ကောင်းမွန်ခြင်းကို ထောက်ပံ့ပေးရန် အလွန်ပင် အရေးကြီးသည်။ ထို့ကြောင့် ကလေးများအား အခြားသူများပြောသော စကားများအား သံယောင်လိုက်ပြောစေခြင်း၊ စိတ်ဖိစီးမှုမရှိဘဲ သူတို့၏ စိတ်ခံစားချက်များကို ဖွင့်ဟပြောစေပြီး ကိုယ်ပိုင်ဆုံးဖြတ်ချက်ချခိုင်းခြင်းတို့ကို ပြုလုပ်စေခြင်းဖြင့် EQ ကောင်းစေနိုင်သည်။


ဥပမာအားဖြင့် – ကလေးများအား မုန့်အသစ်တစ်ခုအား မြည်းစမ်းစေ၍ ထိုမုန့်၏ အနံ့နှင့် အရသာအား ကြိုက်သည် သို့မဟုတ် မကြိုက်ဘူး စသော တုန့်ပြန်ပြောဆိုတတ်သော စိတ်ခံစားချက်များကို ဆုံးဖြတ်နိုင်အောင် လေ့ကျင့်ပေးသင့်သည်။

ကလေးများအား Cartoon ရုပ်ပုံများပြ၍ ထိုရုပ်ပုံနှင့် ပက်သက်သော သူတို့၏ အမြင်များနှင့် စိတ်ခံစားချက်များကို လွတ်လပ်စွာ တွေးခေါ်နိုင်ရန် လေ့ကျင့်ပေးသင့်သည်။ ကလေးများအား အခြားသောကလေးများနှင့် အတူတူဆော့ကစားစေပြီး အချင်းချင်းပေါ်တွင် ခွင့်လွှတ်သည်းခံတတ်ခြင်း၊ မျှဝေခံစားတတ်ခြင်းနှင့် စောင့်ဆို်င်းတတ်ခြင်း စသော စိတ်ခံစားချက်ကို ထိန်းချုပ်နိုင်အောင် လေ့ကျင့်သင်ကြားပေးသင့်သည်။


ကလေးများသည် ကျန်းမာသန်စွမ်း၍ ဉာဏ်ရည်ထက်မြတ်သော (IQ, EQ) ကောင်းသော ကလေးများ အဖြစ် ရှင်သန်ကြီးပြင်းရန် လိုအပ်သည်။ ထို့ကြောင့် သဘာဝအာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သော ဆိတ်နို့အား တိုက်ကျွေးခြင်းဖြင့်လည်း ကျန်းမားသန်စွမ်း ဉာဏ်ရည်ထက်မြတ်သောသူများ ဖြစ်ပေါ်စေနိုင်ပါသည်။ ဆိတ်နို့တွင် သဘာဝမှရရှိသော အာဟာရဓာတ်များ ကြွယ်ဝစွာ ပါဝင်ပြီး ဆိတ်နို့ပရိုတိန်းသည် အစာကြေလွယ်၍ ကယ်လ်ဆီယမ်၊ အိုင်းရင်း၊ ဇင့် နှင့် မက္ကနီဆီယမ်စသော သတ္ထုဓာတ်များကိုု လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်သောကြောင့် ကလေးများ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံး ထောက်ပံ့ပေးနိုင်သည်။

563 views0 comments
bottom of page