top of page

ကလေးများအတွက် ရှိသင့်သော ကိုယ်အလေးချိန်ရရှိစေရန်နှင့် ကျန်းမာစေရန် DG 3 ဆိတ်နို့အဆီ၏ အကျိုးပြုပုံ

  • Writer: DG Smartmom
    DG Smartmom
  • Jan 11, 2019
  • 1 min read

Updated: Jul 7, 2020



ဆိတ်နို့တွင် သဘာဝမှရရှိသော အာဟာရဓာတ်များ မြင့်မားစွာပါဝင်သည်။ ဆိတ်နို့ရည်တွင်ပါဝင်သော သဘာဝအာဟာရဓာတ်များသည် ကလေးများ၏ ကြီးထွားဖွံ့ဖြိုးမှုနှင့် ကိုယ်ခံစွမ်းအားကောင်းမွန်စေ အကောင်းဆုံး ထောက်ပံံ့ပေးသည်။ ဆိတ်နို့တွင် အရည်အသွေးမြင့်အဆီများ MCT (Medium-chain triglyceride) များစွာပါဝင်သောကြောင် ့လွယ်ကူစွာ ချေဖျက်စုပ်ယူနိုင်၍ ဝမ်းပျော့စေသည်။


ဆိတ်နို့အဆီတွင် ဖက်တီးအက်ဆစ်များလည်း ပါဝင်သည်။ ဆိတ်နို့တွင် နွားနို့ထက်ပို၍ Polyunsaturated Fatty Acid မြင့်မားစွာပါဝင်ခြင်း၊ Medium Chain Fatty Acid 40 % မြင့်မားစွာ ပါဝင်ကြောင်း တွေ့ရှိရသည်။ လေ့လာတွေ့ရှိချက်များအရ Medium Chain Fatty Acid သည် Long Chain Fatty Acid ထက် အစာချေဖျက်မှုအား ပို၍ကောင်းမွန်သည်။


ဆိတ်နို့တွင်ပါဝင်သော အဆီများ၏ အရွယ်အစားသည် သေးငယ်၍ နူးညံ့သည်။ ဆိတ်နို့အဆီသည် နွားနို့အဆီထက် ၂၇% ပို၍သေးငယ်သောကြောင့် ဆိတ်နို့သည် နွားနို့ထက်ပို၍ အစာကြေလွယ်သည်။ ဆိတ်နို့သည် အစာကြေလွယ်သောကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်သော စွမ်းအင်များကို လွယ်ကူလျင်မြန်စွာ စုပ်ယူ၍ ခန္ဓာကိုယ်မှ လျင်မြန်စွာ အသုံးချနိုင်သည်။ ဆိတ်နို့ပရိုတင်းသည် ကလေးများ၏ ခန္ဓာကိုယ်တစ်သျှူးဆဲလ်များ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းအတွက်သာမက အသက်အရွယ်အလိုက်သင့်တင့်သော ကိုယ်အလေးချိန်ရရှိစေရန်လည်း ကူညီပေးသည်။


ဆိတ်နို့တွင် နွားနို့ထက်ပို၍ Monounsaturated Fatty Acid၊ Polyunsaturated Fatty Acid နှင့် Medium Chain Fatty Acid စသော ခန္ဓာကိုယ်အတွက် အကျိုးပြုဖက်တီးအက်ဆစ်များ မြင့်မားစွာ ပါဝင်သည်။ ထို့ကြောင့် ကျန်းမားရေးအတွက် အကျိုးကျေးဇူးများ ရရှိစေနိုင်ရုံသာမက နှလုံးရောဂါ ဖြစ်ပွားမှုကိုလည်း ဟန့်တားပေးနိုင်သည်။

 
 
 

Comentarios


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page