top of page
Search

ဆိတ်နို့အကြောင်း သိကောင်းစရာ

Updated: Jul 7, 2020




ကလေးများအားကျန်းမာသွက်လက် ဉာဏ်ရည်ထက်မြက်၍ ကြီးထွားဖွံ့ဖြိုးစေလိုသည်မှာ မိဘတိုင်း၏ ဆန္ဒတစ်ခုဖြစ်သည်။ ကလေးများ၏ဦးနှောက်ဖွံ့ဖြိုးစေရန်၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန်နှင့် ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်စေရန်အတွက် အာဟာရဓာတ်များကို ညီညွှတ်မျှတစွာစားသုံးရန် လိုအပ်ပါသည်။ လုံလောက်စွာ အိပ်စက်အနားယူခြင်းနှင့်လေ့ကျင့်ခန်းများ ပြုလုပ်စေခြင်းသည်လည်း ကလေးများ၏ အလုံးစုံ ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုနိုင်သည်။


၁။အစာကြေလွယ်၍ ဝမ်းဗိုက်ကို သက်တောင့်သက်သာဖြစ်စေသည်။


ဆိတ်နို့တွင် ကယ်လ်ဆီယမ်၊ ဖော့စဖာရပ်၊ အိုင်ရင်း၊ ကော့ပါး၊ ဇင့်၊ မက္ကနီဆီယမ်၊ ဆီလီနီယမ် စသည့် အာဟာရဓာတ်များ ကြွယ်ဝစွာပါဝင်သည်။ ဆိတ်နို့ပရိုိတင်း သည် အစာကြေလွယ်ပြီး ကယ်လ်ဆီိယမ်၊အိုင်းရင်းနှင့် သတ္ထုဓာတ်များကို လျင်မြန်စွာ စုပ်ယူနိုင်စွမ်းရှိသည်။ ဆိတ်နို့တွင် Beta Lactoglobulin (ဓာတ်မတည့်ခြင်းဖြစ်စေသော ဝှေးပရိုတိန်း) နည်းပါးစွာ ပါဝင်ခြင်းကြောင့် ဓာတ်မတည့်ခြင်းကြောင့် ဖြစ်ပေါ်သော လက္ခဏာများ (ဝမ်းလျှောခြင်း၊ ဝမ်းမာခြင်း၊ အဖုအပိမ့်အနီကွက်များထခြင်း၊ အော့အန်ခြင်း)နှင့် ရောင်ရမ်းခြင်း ဖြစ်ပွားမှု နည်းပါသည်။ ဆိတ်နို့ပရိုတိန်းသည် ကလေးများ၏ ခန္ဓာကိုယ်တစ်သျှူးဆဲလ်များ တည်ဆောက်ခြင်းနှင့် ပြုပြင်ခြင်းအတွက်သာမက အသက်အရွယ်အလိုက်သင့်တင့်သော ကိုယ်အလေးချိန် ရရှိစေရန်လည်း ကူညီပေးသည်။ ဆိတ်နို့ပရိုတင်းသည် အစာကြေလွယ်သောကြောင့် မေမေတို့ရဲ့ ကလေးများ၏ ဝမ်းဗိုက်အား သက်တောင့်သက်သာဖြစ်စေ၍ လေထိုးလေအောင့်ဖြစ်ခြင်း၊ ဝမ်းချုပ်ခြင်း ဖြစ်ပွားမှု နည်းပါးသည်။ ကလေးများ၏ ကောင်းမွန်သော ကိုယ်ခံအားစနစ် ဖြစ်ပေါ်စေရန်လည်း အကောင်းဆုံး ထောက်ပ့ံပေးသည်။


၂။ ဆိတ်နို့တွင်ပါဝင်သော သဘာဝအာဟာရဓာတ်များသည် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အတွက် ထောက်ပံ့ပေးသည်။


DG 3 ဆိတ်နို့တွင် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးသည့် အဓိကအာဟာရဓာတ်များဖြစ်ကြသည့် DHA,ARA, Omega 3,6,9, Vitamin B12,Choline နှင့် Taurine တို့ ကြွယ်ဝစွာပါဝင်သည်။ DHA, ARA များက ဦးနှောက်ဖွံ့ဖြိုးမှုကောင်းအောင် ထောက်ပံ့ပေးသည်။ ခန္ဓာကိုယ်၏ ကိုလက်စထရောဓာတ် မြင့်မားခြင်း မှ ကာကွယ်ပေးသည်။ ဦးနှောက်နှင့် အမြင်အာရုံအတွက် အကောင်းဆုံး ထောက်ပံ့ပေးသည်။ ဗီတာမင် B12 ပါဝင်သောကြောင့် ဦးနှောက်နှင့်အာရုံကြောစနစ်များ ဖွံ့ဖြိုးရန် ထောက်ပ့ံပေးသည်။ ဗီတာမင် B12 သည် မှတ်ဉာဏ်စွမ်းရည်ဖွံ့ဖြိုးမှုနှင့် ဦးနှောက်အတွင်းရှိ အာရုံကြောစနစ်၏ ဆဲလ်များ ဆက်သွယ်မှုအတွက် အဓိကလိုအပ်သော အာဟာရဓာတ် တစ်မျိုးဖြစ်သည်။ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် လိုအပ်သော Choline ပါဝင်ပြီး သင်ယူနိုင်စွမ်းနှှင့် မှတ်ဉာဏ်စွမ်းရည်ကို တိုးတက်စေရန် ကူညီပေးသည်။ Taurine သည် အာရုံကြောများအတွက် အာဟာရဖြစ်စေသည်။ ဦးနှောက်အတွင်းရှိ အာရုံကြောဆဲလ်များ ပို့ဆောင်ဆက်သွယ်ရာတွင် ပိုမိုကောင်းမွန်ထိရောက်အောင် ကူညီပေးသည်။

 
 
 

Comments


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page