အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာ (၄) ချက်
top of page
Search

အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာ (၄) ချက်

Updated: Jul 7, 2020

ကလေးငယ်များ၏ ဦးနှောက်နှင့် ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးစေရန် တစ်နေ့တာအတွက် လိုအပ်သော အာဟာရဓာတ်များကို ညီညွှတ်မျှတစွာ စားသုံးရန် လိုအပ်ပါသည်။ ကလေးများအတွက် တစ်နေ့တာ လိုအပ်သော အာဟာရဓာတ်များ လုံလောက်စွာ မရရှိခဲ့ပါက အာဟာရချို့တဲ့ခြင်း ဖြစ်ပေါ်နို်င်သည်။ အာဟာရ ချို့တဲ့ခြင်းကြောင့် ဖြစ်ပေါ်နိုင်သော လက္ခဏာ (၄)ချက် နှင့် အကြံပြုချက်များကို အောက်တွင် ဖော်ပြထားသည်။


၁။ ဒေါသထွက်လွယ်ခြင်း

Omega 3 သည် ကလေးများ၏ စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု ရရှိစေရန် ထောက်ပံ့ပေးသည်။ နို့နှင့် နို့ထွက်ပစ္စည်းများ၊ ထောပတ်နှင့် ဆော်လမွန်ငါးထဲတွင် အိုမီဂါ 3 များ ကြွယ်ဝစွာ ပါဝင်သည်။ အကြောင်းအရင်းမရှိဘဲ ဒေါသထွက်လွယ်သော ကလေးများအား အစာစားချိန်၌ အိုမီဂါ 3 ပါဝင်သောအစားအစာများနှင့် မုန်လာဥနီများကို ကျွေးသင့်သည်။ အိုမီဂါ 3 သည် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များအား ပို၍ လွယ်ကူလျင်မြန်စွာ စုပ်ယူနိုင်ရန် ကူညီပေးသည်။


၂။ စိတ်ဓာတ်ကျခြင်း သို့မဟုတ် စိုးရိမ်ပူပန်မှုများခြင်း

ထိုလက္ခဏာများသည် ဦးနှောက်၏ လှုံဆော်ညွှန်ကြားမှုကြောင့် ဖြစ်ပေါ်လာသည်။ စားသုံးသော အစားအစာများထဲတွင် ပရိုတိန်းဓာတ် နည်းပါးခြင်း သို့မဟုတ် အာရုံကြောဆဲလ်များ နှင် ့ဟော်မုန်းဓာတ်များ တည်ဆောက်ရန်အတွက် အရေးပါသည့် Amino Acids နည်းပါးခြင်းကြောင့်လည်း ဖြစ်ပေါ်နိုင်သည်။ ဟော်မုန်းဓာတ်များသည် ပျော်ရွှင်ချမ်းမြေ့စေခြင်း နှင့် စိတ်ဖိစီးမှုနည်းပါးအောင် ကူညီထောက်ပ့ံပေးသည်။ ထို့ကြောင့် နေ့စဉ် စားသုံးသော အစားအစာများထဲတွင် ပရိုတိန်း၊ အသားနှင့်ငါးများ၊ အစိမ်းရောင် ဟင်းသီးဟင်းရွက်များနှင့် အခွံမာသီးများကို သင့်တင့်မျှတအောင် ထည့်ပေါင်း၍ စားသုံးသင့်သည်။


၃။ အစာမကြေ၍ မအီမသာဖြစ်ခြင်း

အစာမကြေ၍ မအီမသာဖြစ်ခြင်းသည် အစာခြေဖျက်မှုစနစ် အားနည်းသောကြောင့် ဖြစ်ပေါ်နိုင်သည်။ အဘယ်ကြောင့်ဆိုသော် ခန္ဓာကိုယ်မှ အစာများအားလုံးကို ကြေညက်အောင် မခြေဖျက်နိုင်ဘဲ ခြေဖျက်ရန်ကျန်ရှိသော အစာအကြွင်းအကျန်များကြောင့် ဖြစ်ပေါ်နိုင်သည်။။ ထို့ကြောင့် မေမေများမှ သားသားမီးမီးများအား အစာမကြေလွယ်သော အစားအစာများနှင့် ဓာတုဆေးများဆိုးထားသော အစားအစာများကို ကျွေးခြင်းမှ ရှောင်ကြဉ်သင့်သည်။


၄။အသားအရေခြောက်ခြင်းနှင့် ဆံပင်များကျွတ်လွယ်ခြင်း

အာဟာရဓာတ် ချို့တဲ့ခြင်းကြောင့်လည်း အသားအရေခြောက်လွယ်ခြင်း နှင့် ဆံပင်များကျွတ်လွယ်ခြင်းများ ဖြစ်ပေါ်နိုင်သည်။ ဗီတာမင် (A, D, K) ကဲ့သို့သော ဗီတာမင်ဓာတ်များသည် အသားအရေ ဝင်းမွတ်တောက်ပစေနိုင်ပီး ဆံပင်သန်စွမ်းစေနိုင်သော အာနိသင်ရှိသည်။ အစိမ်းရောင်ဟင်းသီးဟင်းရွက်များ၊ အဝါရောင် အသီးအနှံများ နှင့် ငါးကြီးဆီများကို စားသုံးခြင်းဖြင့် ဗီတာမင် (A, D, K) ကဲ့သို့သော ဗီတာမင်ဓာတ်များ ရရှိသောကြောင့် ဖြည့်စွက်၍ စားသုံးသင့်ပါသည်။ ဗီတာမင်ဓာတ်ကြွယ်ဝသော အစားအစာများကို ဖြည့်စွက်၍ စားသုံးသင့်သည်။


အကယ်၍ ကလေးများတွင် အထက်ဖော်ပြပါ လက္ခဏာများ တွေ့ရှိပါက ဆရာဝန်၊သူနာပြု၊ အာဟာရပညာရှင်များနှင့် တိုင်ပင်၍ စနစ်တကျ ပြင်ဆင်၍ ကျွေးမွေးသင့်ပါသည်။

42 views0 comments
bottom of page