top of page

ကြွက်သားများ သန်မာလာစေတဲ့ ပျော်ရွင်ဖွယ်ရာ လေ့ကျင့်ခန်း (၃)ခု

  • Jan 11, 2019
  • 1 min read

Updated: Jul 7, 2020


ree

ကြွက်သားများ သန်မာလာစေရန် လေ့ကျင့်ခြင်း၊ အမျိုးမျိုးသော အရာဝတ္ထုပစ္စည်းများ ထိတွေ့ ကိုင်တွယ်ခြင်းနှင့် တက်ကြွလှုပ်ရှားစေခြင်းတို့တွင် အဓိကအားဖြင့် လက်ကြွက်သားများကို အသုံးပြုကြသည်။ ကလေး၏ လက်ချောင်းလေးများနှင့် မျက်လုံးများ၏ လှုပ်ရှားမှုကို အလေ့အကျင့့် ဖြစ်စေနိုင်သည်။ ထိုကဲ့သို့ လှုပ်ရှားလေ့ကျင့်စေခြင်းသည် သင့်ကလေး၏ စာအရေးအသား၊ သင်ယူလေ့လာခြင်းနှင့် နေ့စဉ်ဘဝတွင် မိမိကိုယ်ကို အားကိုး၍ လုပ်ကိုင်နိုင်ခြင်း အပါအဝင် အမျိုးမျိုးသောနေရာများတွင် ဖွံ့ဖြိုးတိုးတက်နိုင်ရန်အတွက် အကောင်းဆုံး အခြေခံ အုတ်မြစ်တစ်ခု ဖြစ်စေသည်။


(၁) စက္ကူကလစ်များအသုံးပြု၍ ကြွက်သားများအား သန်မာစေရန် လှုံ့ဆော်ပေးသော လေ့ကျင့်ခန်း


လိုအပ်သော ပစ္စည်းများ- ရောင်စုံ စက္ကူညှပ်ကလစ်၊ စက်ဝိုင်းပုံစံညှပ်ထားသော ရောင်စုံစက္ကူ


လေ့ကျင့်ပုံအဆင့်ဆင့်

အရောင်မတူညီသော ရောင်စုံညှပ်ကလစ်များကို အသုံးပြု၍ စက်ဝိုင်းပုံစံစက္ကူများကို ညှပ်ပါ။ စက္ကူများပေါ်တွင် ရောင်စုံညှပ်ကလစ်များကို ညှပ်ခြင်းဖြင့် လက်ချောင်းရှိ ကြွက်သားများအား သန်မာလာစေရန် လေ့ကျင့်ခန်း ပြုလုပ်နိုင်သည်။ စက္ကူများပေါ်တွင် ရောင်စုံညှပ်ကလစ်များကို ညှပ်သောအခါ၌ စက္ကူအရောင်ကိုက်ညီစေရန် ရွေးချယ်ရခြင်း သို့မဟုတ် ဖန်တီးမှုပြုလုပ်ခြင်းဖြင့် ကလေးများသည် အရောင်များကို ခွဲခြားနိုင်ရုံသာမက လက်ချောင်းနှင့် မျက်လုံးကြွက်သားများ၏ လှုပ်ရှားမှုကို အလေ့အကျင့်ဖြစ်စေသည်။ ထိုသို့ပြုလုပ်ခြင်းသည် လက်ချောင်းကြွက်သားများ သန်မာလာစေရန် လှုံဆော်ပေးနိုင်သည်။


(၂) ဂျုံမှုန့်ဖြင့် မုန့်လုံးများပြုလုပ်ခြင်းဖြင့် ကြွက်သားများအား သန်မာစေသော လေ့ကျင့်ခန်း


လိုအပ်သော ပစ္စည်းများ

၁ ဂျုံမှုန့်

၂ အဆီ

ဂျုံမှုန့်ဖြင့် မုန့်လုံးများ ပြုလုပ်ခြင်းသည် ကြွက်သားများ သန်မာလာစေရန် လှုံဆော်ပေးနိုင်သည့် အလွယ်ကူဆုံးနည်း ဖြစ်သည်။ မုန့်လုံးများ သို့မဟုတ် ရွံ့စေးလုံးများ ပြုလုပ်နေစဉ်အတွင်း လက်ချောင်းရှိကြွက်သားများကို အားစို်က်၍ အသုံးပြုရသောကြောင့် ကြွက်သားများ သန်မာလာစေရန် ပို၍ လှုံဆော်ပေးနိုင်သည်။ မုန်လုံးများ ပြုလုပ်နေစဉ်အတွင်း တစ်ဦးစီ အလှည့်ကျ ပုံပြင်များ ပြောကြားစေခြင်းဖြင့်လည်း ကလေးများ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှု ပိုရစေပြီး အသိပညာဗဟုသုတများ တိုးပွားစေနိုင်သည်။


(၃) ကြွက်သားများ သန်မာလာစေရန် နှင့် အမြင်အာရုံဖွံ့ဖြိုးမှုအတွက် လေ့ကျင့််ခန်း


လိုအပ်သော ပစ္စည်းများ

ကလေး၏လက်ချောင်းများ သို့မဟုတ် တူများ

သကြားလုံး သို့မဟုတ် သေးငယ်သော သစ်သီးအစိပ်သေးလေးများ


လေ့ကျင့်ရန်

အစားအသောက်များကို လက်ဖြင့်ကောက်ယူခြင်း သို့မဟုတ် တူအသုံးပြု၍ ကောက်ယူခြင်းအား လေ့ကျင့်ပါ။ ပန်းကန်ပြားတစ်ချပ်ထဲတွင် သကြားလုံးများ သိို့မဟုတ် သစ်သီး အစိပ်သေးလေးများ ထည့်ထားပါ။ ထိုပန်းကန်ထဲရှိ သကြားလုံးများ သို့မဟုတ် သစ်သီးအစိပ်သေးလေးများအား အခြားသော ပန်းကန်ချပ်ထဲသို့ တူများကို အသုံးပြု၍ အမျိုးအစားခွဲထည့်ပါ။ ထိုသို့ပြုလုပ်ခြင်းဖြင့် လက်ကြွက်သားများ သန်မာလာစေရုံသာမက အမြင်အာရုံဖွံ့ဖြိုးမှုအတွက်လည်း အလေ့အကျင့် ဖြစ်စေသည်။

 
 
 

Comments


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page