top of page

ဆိတ်နို့ က နွားနို့ ထက် ဘာတွေ ပိုကောင်းလဲ?

  • Writer: DG Smartmom Myanmar
    DG Smartmom Myanmar
  • Jul 24, 2019
  • 1 min read

Updated: Jul 7, 2020


ခုနောက်ပိုင်း မေမေတွေကြားမှာ၊ social media တွေပေါ်မှာ ဆိတ်နို့့ အကြောင်းတော်တော်လေး လူပြောများလာပါတယ်။ ကျမဆီ ကိုလည်း မေမေတွေ စိတ်ဝင်တစား လာမေးကြပါတယ်။ မေမေတွေရဲ့ ထုံးစံအတိုင်း ကလေးတွေ ဝမ်းချုပ်တာက အစ၊ အစာမကြေတာ အဆုံး သေးသေးဖွဲဖွဲလေးတွကအစ စိတ်ပူတတ်ကြတာပါပဲ။ ကိုယ့်ကလေး မထွားမှာ စိုးရိမ်ရ၊ ဖျားမှာ စိုးရိမ်ရ၊ ကျောင်းတက်တဲ့ အရွယ်ရောက်ပြန်တော့လည်း စာမလိုက်နိင်မှာ၊ တခြားကလေးတွေလို တန်းတူ အရပ်မရှည်မှာ စသဖြင့် ဘက်ပေါင်းစုံကနေ စိတ်ပူနေရတုန်းပါပဲ။


ဆိတ်နို့ ကို ကျမ ငယ်ငယ်တုန်းက သောက်ဖူးတယ်။ ခပ်စိမ့်စိမ့် အရသာနဲ့ မွှေးမွှေးလေး။ လူကြီးတွေ နေမကောင်းရင် ဖြစ်ဖြစ်၊ လူနာသတင်းမေးသွားရင် ဖြစ်ဖြစ် ဆိတ်နို့ သောက်၊ အားရှိတယ်ဆိုပြီး ပြောကြပါတယ်။ ငယ်ငယ်တုန်းကတော့ လူကြီးတွေ အားရှိတယ်ပြောလို့ လိုက်အားရှိခဲ့ ရတာပေါ့။ ခုတော့ စာတွေပေတွေ သိပ္ပံနည်းကျ လေ့လာချက်တွေကို ဖတ်ပြီးတော့ ကိုယ့်အတွေ့အကြုံနဲ့ပါပေါင်းပြီး ဆိတ်နို့က တကယ်ပိုကောင်းတယ်ဆိုတာ သိလာတယ်။


ဆိတ်နို့ ရဲအကြောင်းပြောမယ်ဆိုတော့ အစကနေ စလိုက်ပါမယ်။ ဆိတ်နို့ ထုတ်တဲ့ ပုံစံက လူတွေမှာ မိခင်နို့ ဖြစ်ပေါ်ပုံနဲ့ တူပါတယ်။ နွားနို့ ကျတော့ တခြားထုတ်တဲ့ ပုံစံတစ်မျိုးနဲ့ပါ။ ဆိတ်နို့ရဲ့ ဖြစ်ပေါ်လာပုံက အမေနို့နဲ့ ခပ်ဆင်ဆင်တူနေတော့ ဒီတစ်ချက်နဲ့တင် နွားနိုထက် အားသာချက် ရှိနေပါပြီ။ အမေနို့ နဲ့ ထုတ်ပုံတူတော့ ဘာတွေထူးသလဲဆိုပြီး မေးစရာ ရှိလာပါတယ်။ ထူးပါတယ်တဲ့။ အမေနို့ နဲ နို့ ရည်ထုတ်လုပ်ပုံတူတော့ အမေနို့ လိုပဲ အာဟာရ ကြွယ်ဝပါတယ်။ အမေနို့ လိုပဲ အစာချေရ လွယ်ကူစေပါတယ်။ ကောင်းကျိုးတွေကို တစ်ချက်ခြင်း ပြောပြသွားပါမယ်။


အပြောများဆုံး အချက်ကတော့ ဆိတ်နို့က အစာချေဖျက်ရ လွယ်ကူတာပါ။ ဘာကြောင့်လဲဆိုရင် ဆိတ်နို့ရဲ့ ပရိုတင်းဓာတ်က အစာချေဖျက်မှုပိုမြန်လို့ပါပဲ။ အစာချေဖျက်ရလွယ်တော့ ကလေးတွေအနေနဲ့ ရင်ပြည့်ရင်ကယ်ဖြစ်တာ၊ ဝမ်းဗိုက်လေးမအီမသာ ဖြစ်တာ လျော့နည်းပါတယ်။ အစာမကြေလို့ နို့သောက်ပြီးငိုတာတွေ၊ အိပ်ပျော်နေရင်း ထ ငိုရတာတွေ သိပ်မရှိလို့ သူတို့လေးတွေလည်း အိပ်ရေးဝ၊ မေမေတွေလည်း အိပ်ရေးဝဝ အိပ်ရတာပေါ့။ ဆိတ်နို့ပရိုတင်းက ဝမ်းကိုလည်း ပျော့စေလို့ ဝမ်းချုပ်တတ်တဲ့ သားသားမီးမီးလေးတွေအတွက် ပိုအဆင်ပြောတာပေါ့။


အဆီဓာတ်ကိုကြည့်မယ်ဆိုရင်လည်း ဆိတ်နို့ နဲ့ နွားနို့ ဟာ အဆီပါဝင်မှု တူပေမယ့် နွားနို့ ရဲ့ အဆီလုံးတွေက ဆိုဒ် ကြီးတော့ ဗိုက်ထဲရောက်သွားရင် ချေဖျက်ရခက်စေပါတယ်။ ဒီအဆီတွေက ကလေးတွေကြီးထွား့ ဦးနှောက်ဖွံ့ဖြိုးဖို့အတွက် လိုအပ်ပါတယ်။ အဆီခဲနှုန်းကလည်း ဆိတ့်မှာ နည်းတာကြောင့် အစာအိမ်ထဲရောက်ရင် လွယ်လွယ်ကူကူပဲ ပျော်ဝင်ပြီး ချေဖျက်ရ လွယ်စေတာပါ။

နောက်ထပ်ထူးခြားတာလေးကတော့ ဆိတ်နို့ ပရိုတိန်းဟာ အမေနို့ နဲ့ ခပ်ဆင်ဆင်တူတဲ့ အတွက် ကလေးတွမှာ ဓာတ်မတည့်တာ ဖြစ်နိုင်ချေ အတော်ရှားပါတယ်။ သူ့မှာ ဓာတ်မတည့်တာ ဖြစ်စေတတ်တဲ့ ပရိုတိန်းတွေ ပါဝင်မှု အတော်နည်းပါတယ်။


အကောင်းဆုံး အချက်လေးကတော့ ဆိတ်နို ့မှာပါတဲ့ သတ္တုဓာတ်တွေနဲ့ ဗီတာမင်တွေဟာ ချေဖျက်ရလွယ်ပြီး အစာအိမ်နဲ့ အူလမ်းကြောင်းကို စုပ်ယူရတာ ပိုလွယ်တဲ့ အတွက် ဦးနှောက်ဖွံ့ဖြိုးဖို့နဲ့ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးဖို့အတွက် ပိုပြီးအထောက်အကူပြုပါတယ်။


ဒီလောက်ဆိုရင်တော့ ဆိတ်နို့ ရဲ့အားသာချက်တွေကို တော်တော်သိကြပြီထင်ပါတယ်။ ဒါပေမယ့် အမေနို့ ဟာ ကလေးတွေ အတွက် အကောင်းဆုံး ဖြစ်တယ်ဆိုတာကိုတော့ မမေ့ပါနဲ့နော်။ ကျမတွေ့ တဲ့ ဆိတ်နို့ တိုက်တဲ့ မေမေတွေ ပြန်ပြောပြတာက သူတို့ ရဲ့ ဝမ်းချုပ်တတ်တဲ့ ကလေးတွေ ဝမ်းမှန်ပြီး၊ နွားနို့သောက်တိုင်း ဝမ်းလျှောတဲ့ ကလေးတွေ ဆိတ်နို့ နဲ့ အဆင်ပြေသွားတာပါပဲ။ နောက်ပြီး အရင်က အစာမကြေလို့ လေဆေးတိုက်ရတဲ့ ကလေးတွေပါ လေဆေးပြတ်ပြီး အစာကြေရင်ချောင်သွားပါတယ်တဲ့။ ဒါဆို ဒီစာလေးကို ဖတ်ပြီးသွားတဲ့ မေမေတို့လည်း အချင်းချင်း ပြန်မျှဝေကြပါဦး။ Sharing is caring ပါ။

ကလေးများအားလုံး ကျန်းမာပျော်ရွှင်ပါစေ။



ချစ်တဲ့

Dr Jasmine

အာဟာရဆရာဝန်

 
 
 

Comentários


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page