top of page
Search
  • Writer's pictureDG Smartmom Myanmar

ဆိတ်နို့နဲ့ နွားနို့ နို့ရည်ထုတ်စနစ်ကွာခြားပုံအကြောင်း



ဆိတ်နို့နဲ့ နွားနို့ နို့ရည်ထုတ်စနစ်ကွာခြားပုံအကြောင်း

အခုနောက်ပိုင်း ကျွန်မဆီမှာလာပြီး ဆွေးနွေးကြတဲ့ မေမေတော်တော်များများ မေးတဲ့အကြောင်းအရာကတော့ ဆိတ်နို့နဲ့ နွားနို့က ဘာတွေကွာသလဲ။ ဆိတ်နို့က ဘာတွေ ပိုကောင်းလဲ ဆိုတဲ့ မေးခွန်းပဲဖြစ်ပါတယ်။ ဆိတ်နို့နဲ့နွားနို့ ဘာကွာသလဲ ပြောရရင် နို့ရည်ထုတ်တဲ့ပုံစံက စပြီးကွာတယ်လို့ပြောရမယ်။ ဆိတ်နို့ရဲ့ နို့ရည်ထုတ်တဲ့စနစ်က Apocrine နို့ရည်ထုတ်စနစ်ဖြစ်ပြီး နွားနို့ရဲ့ နို့ရည်ထုတ်စနစ်က Merocrine နို့ရည်ထုတ်စနစ် ဆိုတော့ နို့ရည်ထုတ်တဲ့စနစ်က အစ မတူဘူးလို့ပြောရမယ်။

ဆိတ်နို့ရဲ့ နို့ရည်ထုတ်တဲ့စနစ် Apocrine အကြောင်းအရင်စပြောရအောင် Apocrine နို့ရည်ထုတ်စနစ်ရဲ့လုပ်ဆောင်ပုံကတော့ နို့ရည်ထုတ်ဂလမ်းကနေ ဆိတ်နို့တွေထွက်လာတဲ့အချိန်မှာ ဆဲလ်အမြှေးပါးတွေမှာရှိတဲ့ ဆဲလ်အပိုင်းအစများ Natural Nutrients သဘာဝအာဟာရဓာတ်တွေနဲ့ ပေါင်းစပ်ပြီးထွက်လာတာြဖစ်ပါတယ်။ ဒါကြောင့် ဆိတ်နို့မှာ Nucleotides ကဲ့သို့သော သဘာဝအာဟာရဓာတွေ နွားနို့ထက် ပိုမိုကြွယ်ဝစွာပါဝင်တာပဲ ဖြစ်ပါတယ်။ လူသားတွေမှာလည်း Apocrine နို့ရည်ထုတ်စနစ်နဲ့ပဲ နို့ရည်ထုတ်တာဖြစ်လို့ ဆိတ်နို့နဲ့ နို့ရည်ထုတ်စနစ်အတူတူပဲဖြစ်ပါတယ်။ ဆိတ်နို့မှာ နွားနို့ထက် သဘာဝအာဟာရဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ကလေးတွေရဲ့ ဦးနှောက်နဲ့ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေတဲ့အပြင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးလို့ ပိုမိုကျန်းမာစေပါတယ်။

နွားနို့ရဲ့ နို့ရည်ထုတ်တဲ့စနစ် Merocrine အကြောင်း Merocrine နို့ရည်ထုတ်စနစ်က နို့ရည်ထုတ်ဂလမ်းကနေ နို့ရည်ထွက်လာတဲ့အချိန်မှာ ဆဲလ်အမြှေးပါးတွေမှာရှိတဲ့ ဆဲလ်အပိုင်းအစတွေနဲ့ ပေါင်းစပ်ခြင်းမရှိဘဲ နို့ရည်စက်တွေပဲ သီးသန့် ထွက်လာပါတယ်။ အဲ့ဒါကြောင့် နွားနို့မှာ သဘာဝအာဟာရဓာတ်တွေ ဆိတ်နို့ထက် ပိုနည်းပါး ခြင်းဖြစ်ပါတယ်။

ဆိတ်နို့က ဘာတွေပိုကောင်းလဲ ဆိတ်နို့ရဲ့ပိုကောင်းတဲ့အချက်တွေကတော့ အစာကြေလွယ်စေပြီး ကလေးတွေရဲ့ ဝမ်းဗိုက်ကို သက်တောင့်သက်သာ ​ြဖစ်စေတဲ့အပြင် ဝမ်းကိုလည်း ပျော့ပျော့သွားစေပါတယ်။ ဆိတ်နို့မှာပါဝင်တဲ့ သဘာဝအာဟာရဓာတ်တွေကိုလည်း လွယ်ကူလျင်မြန်စွာစုပ်ယူနိုင်တာမလို့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ပိုပြီးအထောက်အကူပြုပါတယ်။ ဆိတ်နို့က ဓာတ်မတည့်ခြင်းတွေလည်း လျော့နည်းပါတယ်။ ကလေးတွေရဲ့ အသက်အရွယ်နဲ့ကိုက်ညီတဲ့ ကိုယ်အလေးချိန်ကိုလည်း ရရှိစေပါတယ်။ *** With love, Dr Jasmine အာဟာရဆရာဝန်

282 views0 comments
bottom of page