Apocrine နို့ရည်ထုတ်စနစ်အကြောင်း
- DG Smartmom Myanmar
- May 21, 2020
- 1 min read
Updated: Jun 26, 2023

Apocrine နို့ရည်ထုတ်စနစ်အကြောင်း
Apocrine နို့ရည်ထုတ်စနစ်နှင့် ကိုယ်ခံစွမ်းအား
ကျွန်မတို့အားလုံး ငယ်စဉ်ကလေးဘဝကတည်းက အာဟာရဓါတ်ပြည့်ဝအောင် မိခင်နို့ရည်ကို စို့ခဲ့ကြရတယ်။ မိခင်နို့ရည်ထုတ်စနစ်အကြောင်းကို အသေးစိတ်လေ့လာကြည့်ရအောင်နော်။
ကျွန်မတို့ သိထားသလိုပဲ Mammals လို့ခေါ်တဲ့ နို့တိုက်သတ္တဝါအများစုဟာ Apocrine လို့ခေါ်တဲ့ နို့ရည်ထုတ်စနစ်နဲ့ နို့ရည်ထုတ်ကြတယ်။ လူတွေရဲ့နို့ရည်ထုတ်တဲ့ပုံစံ (Apocrine secretion process) ကတော့ နို့ရည်အစက်တွေ (milk droplets) က mammary secretory cell ရဲ့ နို့ရည်ထုတ်ဂလမ်းကနေ ထွက်လာတဲ့ချိန်မှာ ဆဲလ်နံရံရဲ့ ဆဲလ်အမြှးပါးတွေမှာရှိတဲ့ cell အပိုင်းစလေးတွေနဲ့ ပေါင်းစပ်ပြီးမှ ထွက်လာကြတယ်။
အဲ့ဒီ cell အပိုင်းစလေးတွေကတော့ natural nutrients လို့ခေါ်တဲ့ သဘာဝအာဟာရဓာတ်တွေပဲဖြစ်ပါတယ်။ ဒါကြောင့် Apocrine နို့ရည်ထုတ်စနစ်ကနေရရှိလာတဲ့ မိခင်နို့ရည်မှာ သဘာဝအာဟာရရဓာတ်တွေ များစွာပါဝင်တာပဲ ဖြစ်ပါတယ်။
Apocrine နို့ရည်ထုတ်စနစ်ကနေ ရရှိလာတဲ့ မိခင်နို့ရည်မှာ သဘာဝအာဟာရဓာတ်တွေ လုံလောက်ပြည့်ဝစွာ ပါ၀င်လို့ ကလေးတွေရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာ လျင်မြန်စွာ ဖွံ့ဖြိုးကြီးထွားစေရုံသာမက ရောဂါပိုးမွှားတွေကို ကာကွယ်တိုက်ထုတ်နိုင်ဖို့ ကိုယ်ခံအားစနစ်ကို မြင့်တက်စေပါတယ်။ မိခင်နို့ရည်ကို အပြည့်အဝစို့ရတဲ့ ကလေးတွေက ပိုပြီး ကိုယ်ခံစွမ်းအားကောင်းတာပဲဖြစ်ပါတယ်၊၊
Apocrine နို့ရည်ထုတ်စနစ်ကို လူသားမိခင်တွေမှာသာမက ဆိတ်တွေမှာလည်း ဆိတ်နို့ကို Apocrine နို့ရည်ထုတ်စနစ်နဲ့ ထုတ်ပါတယ်။ ဒါကြောင့် ဆိတ်နို့မှာလည်း သဘာဝအာဟာရဓာတ်တွေ အများကြီး ပါဝင်တာ ဖြစ်ပါတယ်။
ကျွန်မတို့ငယ်ငယ်ကဆို နွားနို့ထက် ဆိတ်နို့က ပိုအာဟာရရှိတယ်ဆိုပြီး သောက်ကြတာ မှတ်မိသေးတယ်။ ကလေးတွေ၊ နာလန်ထစ လူမမာတွေဆိုရင် ဆိတ်နို့တိုက်ကြတာ ဒါကြောင့်မို့လို့ ထင်ပါတယ်။ မိခင်တွေအနေနဲ့ သင့်တဲ့မျှတ ၊ ပြည့်စုံလုံလောက်တဲ့ အာဟာရပြည့်ဝတဲ့အစားစာကို စားသောက်နေဖို့ အရေးကြီးပါတယ်။ Apocrine နို့ရည်ထုတ်စနစ်ကနေ ရရှိလာတဲ့ မိခင်နို့ရည်မှတဆင့် ကလေးငယ်အတွက် လုံလောက်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို ရရှိနိုင်မှာဖြစ်ပါတယ်။
မိခင်နို့ရည်ဟာ ကလေးငယ်များအတွက် အကောင်းဆုံးသော အာဟာရဓာတ် ဖြစ်တာကြောင့် မွေးစမှ (၆)လထိ မိခင်နို့ရည်တစ်မျိုးတည်းသာ တိုက်ကျွေးဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်းမှ ညွှန်ကြားထားတာ ဖြစ်ပါတယ်။
Dr.Win Win Myint
Nutritionist
အာဟာရဆိုင်ရာ အထူးကုဆရာဝန်
コメント