top of page

Apocrine နို့ရည်ထုတ်စနစ်နှင့် သဘာဝအာဟာရဓာတ်များအကြောင်း

  • Writer: DG Smartmom Myanmar
    DG Smartmom Myanmar
  • May 14, 2020
  • 1 min read


Apocrine နို့ရည်ထုတ်စနစ်နှင့် သဘာဝအာဟာရဓာတ်များအကြောင်း


မိခင်နို့ရည်မှာ ကလေးတွေရဲ့ အလုံးစုံကြီးထွားဖွံ့ဖြိုးမှုအတွက် ပြီးပြည့်စုံတဲ့ အာဟာရဓာတ်တွေ လုံလောက်စွာ ပါ၀င်ပါတယ်။ နို့တိုက်သတ္တဝါအများစုဟာ Apocrine နို့ရည်ထုတ်စနစ်နဲ့ နို့ရည်ထုတ်ကြတယ်။ Apocrine နို့ရည်ထုတ်စနစ်ကနေရရှိလာတဲ့ မိခင်နို့ရည်မှာ natural nutrients ခေါ် သဘာ၀အာဟာရဓာတ်တွေ ကြွယ်၀စွာ ပါ၀င်ပါတယ်…


ကျွန်တော်တို့ လူသားတွေလိုပဲ Apocrine နို့ရည်ထုတ်စနစ်နဲ့ နို့ရည်ထုတ်တာကို ဆိတ်တွေမှာလည်းတွေ့နိုင်ပါတယ်။ ဒါကြောင့်မလို့ ဆိတ်နို့မှာ သဘာဝအာဟာရဓာတ်တွေကြွယ်ဝစွာ ပါဝင်ရခြင်းဖြစ်ပါတယ်။


သဘာ၀အာဟာရဓာတ်တွေထဲမှာ Nucleotides, Polyamines, Taurine နဲ့ Growth Factor တို့ ကြွယ်၀စွာပါ၀င်ပါတယ်.. သဘာ၀အာဟာရဓာတ်တွေက ကလေးတွေရဲ့ ဦးနှောက်နဲ့ကိုယ်ခန္ဓာဖွံ့ဖြိုးတိုးတက်စေတဲ့အပြင် ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးလို့ ပိုမိုကျန်းမာစေပါတယ်။

Apocrine နို့ရည်ထုတ်စနစ်ကနေရရှိလာတဲ့ သဘာဝအာဟာရဓာတ်တွေနဲ့ အကျိုးကျေးဇူးများ

Nucleotides ကိုယ်ခံစွမ်းအားစနစ်အတွက် Nucleotides ကတော့ အကောင်းဆုံး အာဟာရဓာတ်တစ်မျိုးပါပဲ။ ရောဂါပိုးတွေကို တိုက်ထုတ်ဖို့အတွက် Antibody တွေထုတ်လုပ်ဖို့အတွက်လည်း အားပေးပါတယ်။ Infections တွေကို ခုခံကာကွယ်ဖို့နဲ့ ကိုယ်ခံစွမ်းအားကိုလည်း မြှင့်တင်ပေးပါတယ်။

Taurine Taurine ဓာတ်အကြောင်းကတော့ မေမေတွေတော်တော်များများ သိပြီးသာြဖစ်မှာပါ။ ကလေးတွေရဲ့ အမြင်အာရုံနှင့် ဉာဏ်ရည်ထက်မြက်စေဖို့ အဓိက ထောက်ပံ့ပေးတဲ့ amino acid တစ်မျိုးပဲဖြစ်ပါတယ်။

Polyamines အစာအိမ်အူလမ်းကြောင်းကို ကျန်းမာဖွံ့ဖြိုးစေပြီး အစာချေဖျက်စုပ်ယူမှုကောင်းစေလို့ ကလေးတွေအတွက် အာဟာရဓာတ်တွေကို ပြည့်ဝစွာရရှိစေပါတယ်။ အစာမကြေခြင်းနဲ့ ဓာတ်မတည့်ခြင်းတွေလည်းလျော့နည်းစေလို့ ကလေးတွေအတွက် မရှိမဖြစ်အာဟာရဓာတ်တမျိုးဖြစ်ပါတယ်။

Growth Factors ခန္ဓာကိုယ်တစ်ရှူးများရဲ့ ကြီးထွားဖွံ့ဖြိုးမှုကို လှုံ့ဆော်ပေးတဲ့ ပရိုတင်းအုပ်စုတစ်စု ဖြစ်ပါတယ်.. Apocrine နို့ရည်ထုတ်စနစ်ကနေရရှိလာတဲ့ မိခင်နို့ရည်မှာ ကလေးတွေရဲ့ အလုံးစုံ ကြီးထွားဖွံ့ဖြိုးမှုအတွက် အကောင်းဆုံးထောက်ပံ့ပေးတဲ့ Growth Factors များမြင့်မားစွာ ပါ၀င်ပါတယ်။

အချုပ်အားဖြင့် ပြောရမယ်ဆိုရင် Apocrine နို့ရည်ထုတ်စနစ်ကနေရရှိလာတဲ့ မိခင်နို့ရည်မှာ ပါ၀င်တဲ့ သဘာ၀အာဟာရဓာတ်တွေဟာ ကလေးတွေရဲ့ ဦးနှောက်နဲ့ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှု၊ အမြင်အာရုံကောင်းမွန်စေမှု၊ အရပ်ရှည်မှုနဲ့ ကိုယ်ခံစွမ်းအားစနစ်ကောင်းမွန်အောင်များစွာ အထောက်အကူပြုပါတယ်။


လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော်

 
 
 

Comments


Follow Us
  • Facebook Social Icon
  • Viber
  • YouTube Social  Icon
Office Address

Pacific Healthcare (Myanmar) Co., Ltd


Unit No.509(B), 5th Floor, Hledan Center, Corner of Pyay Road and Hledan Road, Kamayut Township, Yangon, Myanmar.

Office Hour

9:00 - 16:00 (Mon - Fri)​

Contact Info

Phone : +95 9 783 333 554​

Viber: +95 9 783 333 554

Facebook: DG Smartmom Myanmar

Email : dgsmartmom@phc.com.mm

bottom of page