မေမေတို့ရေ...
မေမေတို့ မေးမေးနေကြတဲ့ ဖော်မြူလာနို့မှုန့် တစ်ခုမှ တစ်ခုသို့ ပြောင်းလဲတိုက်ကျွေးပုံအကြောင်းလေးကို မျှဝေပေးချင်ပါတယ်။
လက်ရှိတိုက်ကျွေးနေသော နို့မှုန့်နှင့် DG 3 ဆိတ်နို့ ဖော်မြူလာကို ရက်သတ် (၁၀)ရက်ခန့် နှစ်မျိုးလုံးရောပြီး တိုက်ကျွေးသင့်ပါတယ်။
ဖျော်စပ်ပုံ
(၁ - ၃) ရက် DG 3 ဆိတ်နို့ (၁)ဇွန်း + လက်ရှိဖော်မြူလာ (၅)ဇွန်း
(၄ - ၆) ရက် DG 3 ဆိတ်နို့ (၂)ဇွန်း + လက်ရှိဖော်မြူလာ (၄)ဇွန်း
(၇) ရက် DG 3 ဆိတ်နို့ (၃)ဇွန်း + လက်ရှိဖော်မြူလာ (၃)ဇွန်း
(၈) ရက် DG 3 ဆိတ်နို့ (၄)ဇွန်း + လက်ရှိဖော်မြူလာ (၂)ဇွန်း
(၉) ရက် DG 3 ဆိတ်နို့ (၅)ဇွန်း + လက်ရှိဖော်မြူလာ (၁)ဇွန်း
(၁၀) ရက် (၁၀)ရက်မှစတင်ပြီး DG 3 ဆိတ်နို့ (၆)ဇွန်း တိုက်ကျွေးနိုင်ပါပြီ။
ကလေးငယ်အများစုဟာ ဖော်မြူလာအသစ်နှင့် ရင်းနှီးမှုမရှိသေးတာကြောင့် လျင်မြန်စွာ အစားထိုးတိုက်ကျွေးခြင်းသည်လည်း ကလေးများတွင် ဝမ်းဗိုက်ပြဿနာများ ဖြစ်စေနိုင်တဲ့အတွက် ပြောင်းလဲတိုက်ကျွေးရမဲ့ ဇယားအတိုင်းတိုက်ကျွေးဖို့ အကြံပြုလိုက်ပါတယ်။
Comments